နေပြည်တော်၊ မေ ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရွေးကောက်ပွဲကျင်းပ၍ ရွေးကောက်ခံအစိုးရဖြင့် နိုင်ငံ့အရေးဆောင်ရွက်ခြင်းသည် နိုင်ငံအတွက်အကောင်းဆုံးပင်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့အနေဖြင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွား ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ တာဝန်စတင်ထမ်းဆောင်ချိန်မှစတင်၍ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ တာဝန်ပေးအပ်ရာတွင် လည်း တပ်မတော်သားများကိုသာခန့်အပ်ခြင်းမဟုတ်ဘဲ စစ်ဘက်နှင့် နယ်ဘက်မျှတ အောင်တာဝန်ပေးခန့်အပ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့်တာဝန်ထမ်းဆောင်ချိန်ကာလအတွင်း လုပ်ငန်းများ အောင်မြင်အောင်ကြိုးပမ်းဆောင် ရွက်ခဲ့ကြောင်း။
မိမိတို့နိုင်ငံ၏ သမိုင်းတစ်လျှောက်ကြည့်ပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ပညာရေးအရ၊ စီးပွားရေးအရအားနည်းမှုများရှိကြောင်း၊ အဆိုပါအားနည်းမှု များကြောင့် ခေတ်အဆက်ဆက်တွင် နိုင်ငံရေးအရလှုံ့ဆော်မှုမျိုးစုံကိုခံစားခဲ့ရပြီး တိုင်းပြည်တည်ငြိမ်မှုမရှိခဲ့ခြင်းကို သမိုင်းမှတ်တမ်းများတွင် သမိုင်းသင်ခန်းစာအဖြစ် တွေ့ရှိနိုင်ကြောင်း၊ မိမိတို့အနေဖြင့်ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်း ရာတွင် ပြည်ထောင်စုမပြိုကွဲရေးအတွက်တွက်ဆ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကိုရေးဆွဲပြီး ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ အဆိုပါဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပေးထားသည့်အခွင့် အရေးများ၌ ဖက်ဒရယ်အခွင့်အရေးများပေးထားသည်ကို တွေ့ရကြောင်း။
၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုကျင်းပခဲ့ ပြီး အာဏာရပါတီကို နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်၌ လျှောက်လှမ်းချိန်၌ အာဏာရပါတီအတွင်း သဘောထားကွဲလွဲ မှုများရှိခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ဒီမိုကရေစီပထမအစိုးရ သက်တမ်းကာလတွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်း ဆွေးနွေး ခြင်းများဆောင်ရွက်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) ကိုလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ထိုအချိန်၌ အတိုက်အခံပါတီ ဖြစ်သည့် NLD ပါတီအနေဖြင့် NCA ကို လက်မှတ်ရေးထိုးခြင်းမပြုရန် လှုံ့ဆော် ကန့်ကွက်မှုများရှိခဲ့ကြောင်း။
၂၀၁၅ ခုနှစ် ဒီမိုကရေစီဒုတိယအစိုးရ သက်တမ်းတွင် တပ်မတော်အနေဖြင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါအစိုးရသက်တမ်းကာလ အတွင်း နိုင်ငံတော်အတွက် အရေးကြီးသည့် ကာလများ၌ ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေးအားလုံးဝပြုလုပ်ခြင်းမရှိခဲ့ကြောင်း၊ အလားတူ ဥပဒေနှင့်မညီသည့် ပြဋ္ဌာန်းချက်များအား အတည်ပြုခဲ့ပြီး ဥပဒေနှင့်မညီညွတ်သည့် ကိစ္စရပ်များစွာ လုပ်ဆောင်ခဲ့သည်ကိုတွေ့ရကြောင်း။
ဒီမိုကရေစီ ပထမအစိုးရသက်တမ်းကာလတွင် နိုင်ငံတော်၏ကုန်သွယ်ရေး လိုငွေမှာ ၁၂ ဘီလျံခန့်နှင့် ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလတွင် ၁၂ ဘီလျံခန့် စုစုပေါင်း ၂၅ ဘီလျံခန့် လိုငွေပြခဲ့ကြောင်း၊ အဆိုပါငွေများအား ပြည်ပအကူ အညီများ၊ ချေးငွေများ၊ ကုန်သွယ်မှုမှအပဝင်ငွေများဖြင့် ဖြေရှင်းဆောင်ရွက် ခဲ့ကြောင်း၊ ဒီမိုကရေစီပထမအစိုးရသက်တမ်းကာလတွင် ကျောင်းနေရာခိုင်နှုန်းများ မြင့်တက်လာ ခဲ့သည်ကို အချက်အလက်များအရ သိရှိရကြောင်း၊ ကိုဗစ် ၁၉ ဖြစ်ပွား ပြီးချိန်၌ ကျောင်းနေရာခိုင်နှုန်းများကျဆင်းခဲ့ကြောင်း၊ ထိုကဲ့သို့ ပညာရေးအားနည်း ချက်များကို ဂရုပြုရန်လိုကြောင်း။
၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအစိုးရအဖွဲ့အနေ ဖြင့်ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် အထူးဒေသများဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ ကြောင်း၊ ဒီမိုကရေစီပထမအစိုးရသက်တမ်းကာလတွင်လည်း NCA လက်မှတ်ရေးထိုး နိုင်ရေးဆောင်ရွက်ခဲ့ကြောင်း၊ ငြိမ်ချမ်းရေးနှင့်ပတ်သက်၍ သမိုင်းတစ်လျှောက်တွင် အခက်အခဲများရှိခဲ့ကြောင်း၊ ဒီမိုကရေစီဒုတိယအစိုးရ သက်တမ်းကာလတွင် ငြိမ်းချမ်း ရေးညီလာခံအား(၂၁)ရာစု ပင်လုံအဖြစ်အမည်ပြောင်းလဲနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ သမိုင်းကြောင်းအရ အခက်အခဲများရှိလာနိုင်သဖြင့် အသိပေးမှုများဆောင်ရွက်ခဲ့ရကြောင်း။
တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ကို ဖော်ဆောင်ပေးခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်ကတည်းက ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရန် တပ်မတော်က ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းများအရ ဗိုလ်မှူးကြီး ဟောင်း တင်မောင် ရေးသားသည့် “တိုင်းပြည်က နုနု၊ မုန်တိုင်းက ထန်ထန်” ဆိုသည့်အတိုင်း ၎င်းအချိန်က “ဒီမိုကရေစီက နုနု၊ မုန်တိုင်းက ထန်ထန်” ဖြစ်ပေါ်နေသည့် ကာလဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်ကို ာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီ စနစ်ကိုမဖြစ်မနေလျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့မူလရည်ရွယ်ချက် တွင်ပါသည့်အတိုင်း ရွေးကောက်ပွဲကျင်းပပြုလုပ်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြု လုပ်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်နိုင်မည်ဆိုပါက အကောင်းဆုံး ဖြစ်ကြောင်း၊ သို့သော် ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေး ကောက်ပွဲများတွင်လည်း ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသကဲ့သို့ ဖဆပလခေတ်တွင်လည်း အခက်အခဲများကြားမှ ဆောင်ရွက်ခဲ့ရခြင်းဖြစ် ကြောင်း၊ရွေးကောက်ပွဲကျင်းပရာတွင် တရားမျှတသည့်ရွေးကောက်ပွဲ၊ အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၈၅ ၊ ပုဒ်မ ၁၂၈ ၊ ပုဒ်မ ၁၅၅ တို့တွင် လွှတ်တော်ခေါ်ရာ၌ အထမြောက်သည့် အပိုင်းများကိုထည့်သွင်း ရေးသားထားကြောင်း၊ ဥပဒေများအား ချိန်ထိုးကြည့်ရာတွင် ရွေးကောက်ပွဲကို အထမြောက်အောင်ဆောင် ရွက်နိုင်သည်ကိုတွေ့ရကြောင်း၊ ရွေးကောက်ပွဲကျင်းပ၍ ရွေးကောက်ခံအစိုးရဖြင့် နိုင်ငံ့အရေးဆောင်ရွက်ခြင်းသည် နိုင်ငံအတွက်အကောင်းဆုံးပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရန်အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆုံးအဖြတ်ဖြင့် ဆောင်ရွက်နိုင်သည်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း ထည့်သွင်း ပြောကြားသွားသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment