ရွှေတောင်၊ မေ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့် ကကျောင်းသား/ ကျောင်းသူများအားဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်း ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေါ်သီတာအေး က ကျန်းမာရေးအတွက် လက်ဆေးခြင်းအကြောင်းအရာများ၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ကေသီ က ဆေးလိပ်နှင့် ဆေးရွက်ကြီး ဆိုးကျိုးများအကြောင်း၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၊ ဆရာမ ဒေါ်ဝေဝေစိုးက ဝမ်းပျက်ဝမ်းရောဂါ ဖြစ်တတ်သည့်အကြောင်းအရာများကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြနည်းစနစ်မှူး ဒေါ်သပြေ က လူငယ်နှင့်အားကစား ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မုန်တိုင်းဘေးသတိပေးနှိုးဆော်ချက်၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment