နေပြည်တော်၊ မေ ၁၃
ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းများ နေထိုင်နိုင်ရန် Container House များ နေရာချထားမည့်မြေနေရာ၊ Prefabri-cated Office များ တပ်ဆင်နေမှုနှင့် တည်ဆောက်ထားသည့် ယာယီအဆောင်များ၌ ဝန်ထမ်းများ နေထိုင်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ယမန်နေ့က ယာယီရှင်းလင်းဆောင်၌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်က ရှင်းလင်းတင်ပြသည်။
ပြန်ကြားရေးဝန်ကြီးဌာန ရုံးအဝင်ကားပတ်လမ်းဘေး၌ ပေ၂၀ ပတ်လည်ရှိ Prefabricated Office ၁၀ လုံး နေရာချထားရန်နှင့် ကားပါကင်ဘေးရှိ မြေကွက်လပ်၌ ပေ၂၀ ပတ်လည်ရှိ Container House ခုနစ်လုံး၊ အလျားပေ ၂၀၊ အနံ ၁၀ ပေ Container House အလုံး ၅၀ စုစုပေါင်း ၅၇ လုံး နေရာချထားရန် အကွက်ချဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Container House များ နေရာချထားမည့် မြေနေရာ၊ Prefabricated Office များ တပ်ဆင်နေမှုနှင့် ရုံးမျက်နှာစာမြက်ခင်းပြင်ရှိ ၂၁ ခန်းတွဲ ယာယီအဆောက်အအုံ၌ ဝန်ထမ်းများ လက်ရှိနေရာချထားမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းမိသားစုများကို တွေ့ဆုံအားပေးစကားပြောကြားသည်။
လှည့်လည်ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက Prefabri-cated Office များနှင့် Container House များကို နေရာချထားရာတွင် မကြာမီရောက်ရှိလာတော့မည့် မိုးရာသီအတွက် စဉ်းစား၍ မြေသားအနေအထားကို သေချာစွာ တိုင်းတာဆောင်ရွက်ရန်၊ ဝန်ထမ်းများ စနစ်တကျနေထိုင်နိုင်ရေးအတွက် လိုအပ်သည့် ရေ၊ မီး၊ မိလ္လာများ လုံလောက်မှုရှိ အောင်ဆောင်ရွက်ပေးရန်၊ ယာယီဘာရှာများ ပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာမှုရှိစေရေးနှင့် ဝန်ထမ်းများ စနစ်တကျဖြင့် စည်းကမ်းတကျနေထိုင်ကြစေရေး ကြပ်မတ်ဆောင်ရွက်ကြရန် မှာကြားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment