သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၅) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၅) ကျင်းပ


နေပြည်တော်၊ မေ ၁၃

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center-DMC)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၅) ကို ယမန်နေ့က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများ ဦးဆောင်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်နှင့် ဦးစိုးကြည်၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ကော်မတီဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ငလျင်ဒဏ်သင့်ဒေသများတွင် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ကြီးဌာနများအလိုက် Container Office နှင့် House များ တောင်းခံထားသည်များကိုလည်း အချိန်မီစိစစ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများအတွက် ယာယီတည်းခိုရေးစခန်းများ တည်ဆောက်ပေးခဲ့ပြီး လက်ရှိအချိန်တွင် အဆင်ပြေစွာနေထိုင်လျက်ရှိကြောင်း၊ ယာယီဘာရှာများကို ဝန်ကြီးဌာနအလိုက် သေချာစွာစိစစ်၍ လိုအပ်သည့်အရေအတွက်ကိုသာ ဆောက်လုပ်ကြစေလိုကြောင်း၊ မြေနေရာရွေးချယ်မှုနှင့် ရေ၊ မီး၊ မိလ္လာကိစ္စများကို ကောင်းမွန်အဆင်ပြေအောင် စီစဉ်ပေးကြရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီများအလိုက် လက်ရှိဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် အခြေအနေများကို ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ (၂) ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ဝန်ကြီးဌာနများသို့ Container Office များ ဦးစားပေးအစီအစဉ်အလိုက် ချထားဆောင်ရွက်ပေးနေမှု၊ Container House များရောက်ရှိ ဖြန့်ခွဲဆောင်ရွက်ပေးနေမှု၊ ငလျင်ဒဏ်သင့်ပြည်သူများနှင့် ဝန်ထမ်းများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝန်ကြီးဌာနအလိုက် ဝန်ထမ်းများ နေထိုင်နိုင်ရန် ယာယီဘာရှာအဆောက်အအုံများ ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် ထပ်မံလိုအပ်မှုအခြေအနေများ၊ ယာယီနေထိုင်နိုင်မည့် Container House နှင့် ယာယီရုံးခန်းများအဖြစ် အသုံးပြုမည့် Container Office များရရှိ၍ ဝန်ကြီးဌာနပိုင်မြေနေရာများ၌ နေရာချထားဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဥက္ကဋ္ဌများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)