အောက်တန်းစား တော်လှန်ရေး (အပိုင်း - ၂) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောက်တန်းစား တော်လှန်ရေး (အပိုင်း - ၂)





ကိုဗြော - ဗျို့ . . . ကိုကြီးထော ဒီပဲယင်းဖြစ်စဉ် ကြားပြီးပြီလားဗျ။

ကိုထော - တွေ့ပါတယ်ကွာ။ ဒီပဲယင်း ဖြစ်စဉ်လို့ မပြောဘဲ ဒီပဲယင်း လုပ်ဇာတ်လို့ ပြောရင် ပိုမှန်တာပေါ့ကွ။


ကိုဗြော - ဟုတ်ပဗျာ၊ ပြည်ဖျက်မီဒီယာတွေမှာလည်း ကြံရာမရတော့ ပေါက်ပန်းစေး သတင်းဖန်တီးပြီး အများပြည်သူကို အထိတ်တလန့်ဖြစ်အောင် လုပ်တယ်ဗျာ။ အံ့သြဘ။

ကိုထော - သူတို့ကတော့ သူတို့အလုပ် သူတို့လုပ်နေတာပဲကွ။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာဆိုတဲ့ ဘွဲ့ထူး ဂုဏ်ထူး ရထားပြီဆိုမှဖြင့် အများပြည်သူ အထိတ်တလန့်ဖြစ်အောင် ဘယ်လို လုပ်ရမလဲ၊ တပ်မတော်အပေါ် အများပြည်သူ အထင်အမြင်လွဲမှားအောင် ဘယ်လိုဖန်တီးရမလဲ ဒါကိုပဲ တွေးတောကြံဆပြီး လုပ်နေကြတာပေါ့ကွာ။


ကိုဗြော - ကိုကြီးထော ပြောသလို ပြန်ပြောရရင် ပြည်ဖျက်မိစ္ဆာတွေက သူတို့အလုပ် သူတို့လုပ်တယ်။ ဒီအကြမ်းဖက်နှိမ်နင်းရေးကို လုပ်ဖို့တာဝန်ရှိတဲ့သူတွေက ဘာလို့ ကိုယ့်အလုပ် ကိုယ်မလုပ်လဲ။ ကျွန်တော်လည်း အတော်စဉ်းစားရကြပ်နေတယ်။

ကိုထော - အေးလကွာ။ စစ်ရေး စစ်ရာဆိုတာ မင်းတို့ ငါတို့မှာ စီမံခန့်ခွဲခွင့် ရှိတာမှ မဟုတ်ဘဲ။ နိုင်ငံတော်အကြီးအကဲတွေကတော့ အကြမ်းဖက်လှုပ်ရှားမှုတွေကို သတင်းပေးပါ၊ ပြည်သူလူထု ပူပေါင်းဆောင်ရွက်ပါလို့ တဖွဖွပြောခဲ့တာပဲ။ တချို့သော တပ်နယ်အရာရှိတွေကတော့ အကြမ်းဖက်ကိုနှိမ်နင်းဖို့ သတင်းပေးတဲ့သူ၊ ပူးပေါင်းဆောင်ရွက်တဲ့သူကို စစ်သွေးကြွလို့တောင် ပြောတာကွ။ မလွယ်ပါဘူး ကိုယ့်လူရယ်။


ကိုဗြော - စကားလမ်းကြောင်းက လွဲသွားအုံးမယ်။ ဒီပဲယင်းဖြစ်စဉ်ကို ပြည်ဖျက်မီဒီယာတွေ ရေးထားလိုက်တာများဗျာ။ တပ်မတော် က ကမ္ဘာမှာ အရက်စက်ဆုံးဖြစ်အောင်ကို ဖန်တီးရေးသားထားတာများ ဧရာဝတီ သတင်းဌာနက ဆိုရင် (ဒီပဲယင်း ဗုံးကျဲခံရမှု မိဘများ ပူဆွေး) ဆိုပြီး ရုပ်သံပါ ဖြန့်ဝေထားလိုက်သေးတယ်။

ကိုထော - အဆိုးဆုံးကတော့ သာလွန်ဇောင်းကြွ ရဲ့ Khit Thit မီဒီယာပေါ့ကွာ။ ဗရမ်းဗတာကို စီကာပတ်ကုံးရေးတယ်ဆိုတဲ့ ကောင်စားမျိုးတွေ။ မောင်မင်းကြီးသားများက အမေး - အဖြေတောင် လုပ်ပြီး သတင်းတင်ထားလိုက်သေးတယ်။ ထွက်လာတဲ့ ဓာတ်ပုံတွေမှာကြတော့ စောင်တွေကို စုပုံပြီး အသုဘပုံ ဖန်တီးထားတယ်။ သရုပ်ဆောင်ကောင်းတဲ့သူတွေက ငိုချင်းချနေပြီး၊ သရုပ်မဆောင်တတ်တဲ့ သူကြတော့ ရယ်နေတဲ့ပုံထွက်လာတာပေါ့ကွာ။


ကိုဗြော - ဖြစ်စဉ်နဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ထားတာတော့ စာသင်ကျောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ဗုံးကြဲတဲ့ ဖြစ်စဉ် မရှိပါဘူး။ ကိုကြီးထော ပြောသလိုပဲ လုပ်ဇာတ် ပါဗျာ။

ကိုထော - သူခိုး က လူဟစ်တယ်ဆိုတာ ဒါမျိုးပေါ့ကွ။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေက (ကျောင်းမတက်နဲ့ ကျောင်းထွက်)လို့ လှုံ့ဆော်တယ်။ နစကအစိုးရက ကျောင်းတွေ ပြန်ဖွင့်တော့ နီပိန်း ပဒက် အကြမ်းဖက်သမားတွေက စာသင်ကျောင်းတွေပေါ်ကို ဒရုန်းနဲ့ Drob Bomb ပစ်ချပြီး တိုက်ခိုက်တယ်။ ဆရာ/ ဆရာမတွေကို လုပ်ကြံသတ်ဖြတ်တယ်။ သူယုတ်မာတွေက သူတို့ရဲ့ ယုတ်မာကောက်ကျစ် အောင်တန်းကျတဲ့ လုပ်ရပ်တွေကိုကြတော့ ဖုံးကွယ်ထားပြီး တပ်မတော်အပေါ် ပြည်သူက မုန်းတီးအောင် နည်းမျိုးစုံနဲ့ သတင်းအမှားတွေ ဖန်တီးပြီး တိုက်ခိုက်နေတဲ့ သဘောပေါ့ကွာ။


ကိုဗြော - အေးဗျာ၊ ပြောတော့ ပြောလိုက်အုံးမယ်။ ဒီပဲယင်း၊ အရာတော် အဲဒီဒေသတွေမှာ အစိုးရက အခုထိ ကျောင်းပြန်မဖွင့်နိုင်တဲ့ ရွာတွေ အများကြီး။ ကျောင်းတက်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်လို့ ကျောင်းမတက်ရတဲ့ ကလေးတွေလည်း အများကြီး။ စာသင်ကျောင်းတွေက NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်စခန်း၊ လက်နက်ထုတ်လုပ်တဲ့ အလုပ်ရုံဖြစ်နေတာတွေကိုလည်း မသိကျိုးကျွန်ပြုထားတာပဲနော်။

ကိုထော - တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူတချို့က မျက်ဖြူစိုက်လေ ဆရာကြိုက်လေ ပုံစံမျိုးများ ဖြစ်နေသလားတော့ တွေးမိတယ်ကွ။ နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိတာကို အကြောင်းပြုပြီး အကျိုးစီးပွား ရှာကြတာတွေလည်း ရှိမှာပေါ့ကွာ။ ပြည်သူတွေမှာ လမ်းပျောက်နေတယ်။ တာဝန်ရှိသူတွေဘက်က အကြမ်းဖက်နှိမ်နင်းရေးကို အလေးမထား၊ သတင်းပေးတိုင်ကြားသူကို အသတ်ခံရအောင် လုပ်လာတော့ ပူပေါင်းဆောင်ရွက်လိုတဲ့ ပြည်သူကလည်း နောက်တွန့်သွားတာပေါ့ကွာ။


ကိုဗြော - အေးဗျာ၊ အကြမ်းဖက်နှိမ်နင်းရေးက အားကောင်းတဲ့ နေရာမှာလည်း ကောင်းရဲ့၊ ဟိုလိုလို ဒီလိုလို ဘယ်လိုမှ တင်ပြလို့မရတဲ့နေရာတွေမှာလည်း အကြမ်းဖက်သမားတွေက လွတ်မြောက်နယ်မြေ ဖြစ်နေလေရဲ့။ ဘာတွေလဲတောင် မသိတော့ပါဘူးဗျာ။

ကိုထော - တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူတွေအပိုင်းက တိကျ ပြတ်သားမှု  လိုအပ်တယ်။ သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ရှိသူတွေက နိုင်ငံတော်အကြီးအကဲတွေရဲ့ လမ်းညွှန်ချက်တွေကို အလေးထား လုပ်ဆောင်မှုအပိုင်းမှာ အားနည်းချက်တွေ ရှိနေတယ်။ မြေပြင်မှာ လက်တွေ့ကျကျ တိုက်ပွဲဝင်နေရတဲ့ တပ်မတော်သား၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို ကူညီပံ့ပိုးမှုအပိုင်းမှာလည်း နှောင့်နှေးကြန့်ကြာမှုတွေ ရှိတယ်။ 

တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေဘက်က ပျော့ကွက် ဟာကွက်တွေ များနေလေ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူလူထုကို ပစ်မှတ်ထားပြီး လုပ်ဆောင်နေတဲ့ နီပိန်းတွေရဲ့  (အောက်တန်းစား တော်လှန်ရေး)ကြီးက အားကောင်းလာလေပေါ့ကွာ။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)