အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရန်အတွက် ဘာရှာအဆောက်အအုံများ တည်ဆောက်ပြီးစီးမှုနှင့် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သည့် Container House များ နေရာချထားမှု လှည့်လည်ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရန်အတွက် ဘာရှာအဆောက်အအုံများ တည်ဆောက်ပြီးစီးမှုနှင့် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သည့် Container House များ နေရာချထားမှု လှည့်လည်ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မေ ၁၇

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ကော်မရှင်အဖွဲ့သည် ယမန်နေ့က ရုံးအမှတ်(၅၆)၌ တည်ဆောက်ထားသည့် ယာယီအဆောက်အအုံများတွင် ဝန်ထမ်းများ နေရာချထားမှု၊ ထပ်မံဆောက်လုပ်လျက်ရှိသည့် ဘာရှာအဆောက်အအုံများ တည်ဆောက် ပြီးစီးမှုနှင့် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သည့် Container House များ နေရာချထားမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ကော်မရှင်ဥက္ကဋ္ဌသည် မြတ်ဖောင်ဒေးရှင်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်မြတ်ဦး ဦးစီးသည့်အဖွဲ့က ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် ဝန်ထမ်းများအတွက် လူသုံးကုန်ပစ္စည်းများနှင့် ငွေကျပ်သိန်းခုနစ်ဆယ် ပေးအပ်လှူဒါန်းသည့် အခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)