ပခုက္ကူမြို့၊ For Life ဘုန်းတော်ကြီးကျောင်း၌ နွေရာသီ အင်္ဂလိပ်စကားပြောသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့၊ For Life ဘုန်းတော်ကြီးကျောင်း၌ နွေရာသီ အင်္ဂလိပ်စကားပြောသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား




ပခုက္ကူ  ၊ မေ ၁၀


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ For Life ဘုန်းတော်ကြီးကျောင်း၌ နွေရာသီ အင်္ဂလိပ်စကားပြောသင်တန်းကို ယနေ့မှစတင်ပြီး အခမဲ့ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် Grade-2 မှ Grade-7 အထိ ကျောင်းသား၊ ကျောင်းသူများနှင့် အင်္ဂလိပ်တတ်မြောက်လိုသည့် ပြည်သူများ တက်ရောက်ကြပြီး Listening Skill, Speaking skill, Writing skill, Reading Skill စသည်ဖြင့် (၄)တန်းခွဲဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း၊ အတန်းခွဲ(၁)တန်းလျှင် ကျောင်းသား၊ ကျောင်းသူ (၇၀) ဦးခန့်နှင့် လူကြီးတန်းတွင် (၈၀) ဦးခန့် လက်ခံသင်ကြားပေးလျက်ရှိကြောင်း၊ မေလ ၁၇ ရက်နေ့တွင် အင်္ဂလိပ်စကားပြောပြိုင်ပွဲနှင့် မေလ ၁၈ ရက်နေ့တွင် ဆုချီးမြှင့်ပွဲနှင့် သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လူကြီးတန်းမှာ တစ်နှစ်ပတ်လုံးဆက်လက် သင်ကြားသွားမည်ဖြစ်ကြောင်း၊ နွေရာသီ အင်္ဂလိပ်စကားပြောသင်တန်းကို ၂၀၁၀ ခုနှစ်မှ စတင်သင်ကြားပေးခဲ့ရာ နိုင်ငံခြားသွားရောက်လုပ်ကိုင်သူ ၉၀ ဦးခန့်နှင့် အခြေခံပညာဦးစီးဌာနနှင့် တက္ကသိုလ်ကျောင်းများတွင် ဝင်ရောက်လုပ်ကိုင်သူ ၂၀ ဦးခန့်ရှိပြီး လက်ရှိအချိန်ထိ သင်တန်းဆင်းဦးရေ ၃၀၀၀၀ ကျော်အထိ မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ For Life အမည်ဖြင့် အင်္ဂလိပ်စကားပြော သင်တန်းကျောင်းကို ရေစကြို၊ မုံရွာ၊ မကွေး၊ ညောင်ဦးမြို့တို့တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ပခုက္ကူမြို့၊ For Life ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးခေမာစာရထံက သိရသည်။


ဘာမီသာ(ပခုက္ကူ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)