ပခုက္ကူမြို့၊ For Life ဘုန်းတော်ကြီးကျောင်း၌ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့၊ For Life ဘုန်းတော်ကြီးကျောင်း၌ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲကျင်းပ




ပခုက္ကူ ၊ မေ ၁၈


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ For Life ဘုန်းတော်ကြီးကျောင်း၌ 

ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ပြိုင်ပွဲတွင် ပခုက္ကူမြို့၊ For Life ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးခေမာစာရက အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအကြောင်း မိန့်ကြားသည်။


ဆက်လက်၍ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲကျင်းပရာ ပခုက္ကူမြို့၊ For Life ဘုန်းတော်ကြီး ကျောင်းတွင်ဖွင့်လှစ်ခဲ့သော Junior Reading, Basic Level, Intermediate level, Senior Reading စသည့် နွေရာသီအင်္ဂလိပ်စကားပြော သင်တန်းများအလိုက် သင်တန်းသား၊ သင်တန်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။


အဆိုပါပြိုင်ပွဲတွင် ပခုက္ကူတက္ကသိုလ်နှင့် ပခုက္ကူပညာရေးဒီဂရီကောလိပ်တို့မှ ဆရာ၊ ဆရာမ များက အကဲဖြတ် ဒိုင်လူကြီးများအဖြစ် ပါဝင်ဆောင်ရွက်ပေးကြပြီး ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူများကို မေလ၁၈ရက်နေ့တွင် ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


ဘာမီသာ(ပခုက္ကူ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)