မန္တလေး၊ မေ ၁၈
မန္တလေးမြို့တွင် ယမန်နေ့ညပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် သစ်ပင်လှဲပြီး ကယ်ဆယ်ရေးစခန်းမှ သားအဖနှစ်ဦး သစ်ပင်ပိ သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မဏိစလလူမှုကူညီရေးအသင်း က "မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရွှေကူဘုန်းကြီးကျောင်းတိုက်၊ ငလျင်ကယ်ဆယ်ရေစခန်းတွင် ယနေ့ည ငလျင်လှူပ်ပြီးနောက် သစ်ပင်ကြီးသည်ယာယီတဲပေါ်သို့လှဲကျကာ တဲထဲတွင်ရှိသော သားအဖနှစ်ဦးနေရာတွင်သေဆုံး" ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ယန်နေ့ညက မြစ်သားမြို့၏ အနောက်တောင်ဘက် (၆) မိုင်ခန့်တွင် အင်အားပမာဏ - ၅.၂ ရစ်(ခ်)တာစကေး ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း မိုးဇလ မှ မြေငလျင်သတင်းအမှတ်စဉ် ၁၇၅ အနေဖြင့် ထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment