ရန်ကုန်-မော်လမြိုင်ရထားလမ်းပေါ်ရှိ တံတားအမှတ် BR–75 ၌ ထောင်ထားသည့် လင်လုပ်မိုင်းများကို အချိန်မီဖယ်ရှားနိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်-မော်လမြိုင်ရထားလမ်းပေါ်ရှိ တံတားအမှတ် BR–75 ၌ ထောင်ထားသည့် လင်လုပ်မိုင်းများကို အချိန်မီဖယ်ရှားနိုင်ခဲ့




သထုံ၊ မေ ၁၈

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ၊ ဒုံဝန်းဘူတာအနီး ရန်ကုန်-မော်လမြိုင်ရထားလမ်းပေါ်ရှိ တံတားအမှတ် BR–75 ၌ ထောင်ထားသည့် လက်လုပ်မိုင်းများကို အချိန်မီ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်းသိရသည်။

မေလ ၁၇ ရက် နံနက်ပိုင်း ၈ နာရီခွဲအချိန်ခန့်က သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ၊ ဒုံဝန်းဘူတာအနီး ရန်ကုန်-မော်လမြိုင်ရထားလမ်း မိုင်အတိုင်အမှတ် ၁၂၀/၂၃ နှင့် ၂၄ ကြားရှိ တံတားအမှတ် BR–75 တွင် ထောင်ထားသည့် ဒေသအန္တရလက်လုပ် ရီမုမိုင်း သုံးလုံးကို ဒေသခံများက တွေ့ရှိခဲ့ကြပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သောကြောင့် သက်ဆိုင်ရာက အချိန်မီသွားရောက်ပြီး အသက်မဲ့ ပြုလုပ်ကာ ဖယ်ရှားခဲ့ကြသည်။

ရန်ကုန် - မော်လမြိုင် ရထားလမ်းတွင် KNU, KNLA, PDF အကြမ်းဖက်သမားများ က မကြာခဏ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။


Photo - YT

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)