ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချခြင်း လိုက်လံကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချခြင်း လိုက်လံကြည့်ရှုအားပေး


နေပြည်တော်၊ မေ ၁၈

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယမန်နေ့က မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အများပြည်သူများ ဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရေး ရည်ရွယ်၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တပေါင်းကွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးလျက်ရှိသည့် အရောင်းပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အရောင်းပြခန်းများ၌ ပြသရောင်းချလျက်ရှိသော ဘိလပ်မြေရောင်းဝယ်မှုအခြေအနေများ၊ သံ၊ သံမဏိပစ္စည်း ရောင်းချမှုအခြေအနေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် သုတ်ဆေးများ ရောင်းချနေမှုအခြေအနေများ၊ အိမ်တွင်းအလှဆင်ပစ္စည်းရောင်းချရမှု အခြေအနေများ၊ လုပ်ငန်းသုံးမီးစက်ရောင်းချနေမှုအခြေအနေများ၊ အဆောက်အအုံဆောက်လုပ်ရာတွင် အသုံးပြုသည့် သံလုံးအရစ်ဖော်စက်နှင့် သံလုံးဖြတ်စက်၊ သံချည်သံကွေးစက်၊ စတားကွင်းရိုက်စက်ဖြင့် ပုံဖော်ခြင်းလုပ်ငန်း လက်တွေ့သရုပ်ပြလုပ်ဆောင်နေမှုအခြေအနေများကို ကြည့်ရှုပြီး ရောင်းချပွဲသို့ လာရောက်ကြသည့် ရဟန်းရှင်လူပြည်သူများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးရေး တာဝန်ရှိသူများအား မှာကြားသည်။

အဆိုပါရောင်းချပွဲ၏ ဆဋ္ဌမမြောက်နေ့အဖြစ် ယနေ့တွင် လုပ်ငန်းသုံးပစ္စည်းများအား ကုမ္ပဏီ ၆၁ ခုမှ ပြခန်းပေါင်း ၇၄ ခုဖြင့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ခင်ကျင်းပြသရောင်းချပေးလျက်ရှိပြီး အဆိုပါရောင်းချပွဲကို မေ ၁၈ ရက်အထိ ပြသရောင်းချပေးမည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် သက်သာသောဈေးနှုန်းဖြင့် လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)