မင်းလှမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၁၆ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၈ သိန်းခန့်အပါအဝင် အိုက်စ်(မက်သ်အဖက်တမင်း)၊ ကက်တမင်း နှင့် စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၁၆ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၈ သိန်းခန့်အပါအဝင် အိုက်စ်(မက်သ်အဖက်တမင်း)၊ ကက်တမင်း နှင့် စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိ




နေပြည်တော်၊ မေ ၁၆ 

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာသွားကားလမ်း၊ ရှမ်းတဲကျေးရွာအနီးတွင် သတင်းအရစောင့်ဆိုင်းနေစဉ် မင်းလှဘက်မှ မင်းတုန်းဘက်သို့ ပြည့်ဖြိုးကျော် မောင်းနှင်ပြီး မဇင်ဇင်ဝေ(ခ)ဇင်ဇင်မာ လိုက်ပါလာသည့် X-TRAIL မော်တော်ယာဉ်နှင့် ရန်နိုင်ထွဋ် မောင်းနှင်ပြီး တင်လတ် လိုက်ပါလာသည့် SURF မော်တော်ယာဉ် တို့ကို ရှာဖွေခဲ့ရာ အဆိုပါယာဉ် ၂ စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁ ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ဖော်ထုတ်ချက်အရ ပျဉ်းမနားမြို့မှ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်သို့ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ မနန်း(ခ)မျိုးသီရိကျော်နှင့် မျိုးဇော်အောင် တို့ ၂ ဦး၏ မူးယစ်ဆေးဝါးသယ်ဆောင်ရာ၌ အသုံးပြုခဲ့သည့် TOYOTA HILUX SURF မော်တော်ယာဉ် တစ်စီးအား ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်ရှိ ၎င်းတို့၏နေအိမ်တွင် သိမ်းဆည်းရမိခဲ့သည်။

မျိုးဇော်အောင်နှင့် မနန်း(ခ)မျိုးသီရိကျော် တို့သည် ပျဉ်းမနားမြို့ နယ်၊ မြောက်လွတ်ကုန်းကျေးရွာရှိအောင်နိုင်၏ နွားခြံစတိုအတွင်း ကရင်ပြည်နယ်သို့ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ သိုဝှက်ထားကြောင်း သိရှိရသဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မေလ ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ပျဉ်းမနားမြို့ နယ်၊ မြောက်လွတ်ကုန်းကျေးရွာရှိ အောင်နိုင် ၏ နွားမွေးမြူရေးခြံသို့ ဝင်ရောက်ရှာဖွေခဲ့ရာ အောင်နိုင် နှင့် ဇော်ဝင်းတို့ ၂ ဦးအား စိတ်ကြွရူးသွပ် ဆေးပြား ၇၆ ဒသမ ၁၇၈ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅ ကီလို၊ ကက်တမင်း ၁ ကီလိုနှင့် စိတ်ပြောင်းဆေးဝါးများရောစပ်ထားသည့် Happy Water ၂ ဒသမ ၉၁၅ ကီလိုတို့နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသတန်ဖိုးငွေ ၁၆ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၇ ဒသမ ၉ သိန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅ ကီလို၊ ကက်တမင်း ၁ ကီလိုနှင့် စိတ်ပြောင်း ဆေးဝါးများရောစပ်ထားသည့် Happy Water ၂ ဒသမ ၉၁၅ ကီလို ဖမ်းဆီးရမိခဲ့သည်။

မေလ ၁၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ တင်ဆောင်ပေးသူ ထွန်းလင်း(ခ) ရှမ်းကုလား အား ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာ အနီးတွင် မော်တော် ဆိုင်ကယ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ မျိုးဇော်အောင်နှင့် မနန်း(ခ) မျိုးသီရိကျော် တို့သည် ရှမ်းပြည်နယ်မှ သယ်ဆောင်လာသော မူးယစ်ဆေးဝါးများကို ပျဉ်းမနားမြို့နယ် မှတစ်ဆင့် မင်းတုန်းမြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ရာတွင် တင်လတ်(ခ) စောတင်လတ် မှ တာဝန်ခံ၍ ပြည့်ဖြိုး(ခ)ရန်နိုင်ထွဋ်၊ မဇင်ဇင်ဝေ(ခ) ဇင်ဇင်မာ တို့နှင့်အတူ သယ်ဆောင်ခြင်းဖြစ်ကြောင်း၊ ထို့အပြင် ကရင်ပြည်နယ်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများအား ပျဉ်းမနားမြို့နယ်၊ မြောက်လွတ်ကုန်း ကျေးရွာရှိ အောင်နိုင်၏နွားခြံတွင် သိုဝှက်ထားရှိကြောင်း သိရှိရသဖြင့် ၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဥပဒေအရ အရေးယူထားရှိသည်။ 

ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း နိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)