မြစ်သား ၊ မေ ၂၉
မန္တလေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မမ၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေသူဌေးရပ်ကွက်ရှိ မြစ်သားဘိုးဘွားရိပ်သာနှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတို့၌ မသန်စွမ်းသူ(၁၂၅)ဦးတို့အား ပစ္စည်းနှင့်ငွေများ လှူဒါန်းမှုကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က လှူဒါန်းမှုအခမ်း အနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မန္တလေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့် ရှောက်ရေးကြီးကြပ်မှုအဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးဒေါ်မမ၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မြစ်သားဘိုးဘွားရိပ်သာရှိ အဘိုး၊အဘွား ၂၆ ဦးအား ဆန်(၂၄ပြည်ပါ) ၅ အိတ်၊ ဆီ ၅၂ ဘူး၊ စောင် ၂၆ ထည်၊ ပိုက်ချောဖျာ ၂၆ ခု၊ ခေါက်ဆွဲခြောက် အကြီး ၁ ဖာ၊ ပဲနို့ ၃ ဖာ၊ ဘီစကစ် ၂၆ ထုတ် နှင့် ဓါတ်ဆား ၃ ဖာ တို့အား အသီးသီးလှူဒါန်းခဲ့ပြီး အဘိုး၊ အဘွားများကိုလိုအပ် သည်များမှာကြားခဲ့သည်။ ဆက်လက်၍ မြစ်သားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ရောက်ရှိခဲ့ရာ မြစ်သားမြို့နယ်အတွင်းရှိ မသန်စွမ်း ၁၂၅ ဦးအား တစ်ဦးလျှင် ငွေသား ၁၀၀၀၀ကျပ်၊ ဆန် ၃ပြည် ၊ ဆီ ၅၀ ကျပ်သား၊ ခေါက်ဆွဲခြောက် ၅ ထုတ်၊ ပဲနို့ ၃ ဘူး၊ ကြက်ဥချောင်း ၁ ဘူး နှင့် ဘီစကစ်ထုတ် ၂၀ ထုတ်တို့အား အသီးသီးလှူဒါန်းခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးဒေါ်မမ၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြစ်သားမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြစ်သားမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက တက်ရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment