မေ - ၂၀ ( အင်္ဂါနေ့ )
ဟန်ဂေရီပါလီမန်သည် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး (ICC) မှ တရားဝင် နှုတ်ထွက်ရေး စတင်သည့် ဥပဒေကြမ်းကို အတည်ပြုခဲ့ပါတယ်။ ယင်းလှုပ်ရှားမှုက ဘတ်လိုက်မှု မရှိ၊ ဂုဏ်သိက္ခာရှိပါတယ်ဆိုပြီး နာမည်ကြီးတဲ့ ICC အဖွဲ့ကို ဆန့်ကျင်ဝေဖန်နေတဲ့ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်၏ အဖွဲ့ကနေ နှုတ်ထွက်ဖို့ တောင်းဆိုမှုကို တွန်းအားပေးရာရောက်ခဲ့ပါတယ်။
အမျိုးသားလွှတ်တော်က ထောက်ခံမဲ ၁၃၄ မဲ၊ ကန့်ကွက် ၃၇ မဲနှင့် ကြားနေမဲ ၇ မဲဖြင့် ဒီကနေ့ပဲ အတည်ပြုလိုက်တာပါ။ ICC မှ နုတ်ထွက်ရန် ဥပဒေပြုအမတ်များက မူအားဖြင့် သဘောတူခဲ့ပြီး ဧပြီလနှောင်းပိုင်းတွင် မဲခွဲဆုံးဖြတ်ပြီးနောက် ယခုရလဒ် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
“ဟန်ဂေရီက နိုင်ငံတကာအဖွဲ့အစည်းတွေ အထူးသဖြင့် ရာဇ၀တ်တရားရုံးတွေကို နိုင်ငံရေးလက်နက်အဖြစ် အသုံးပြုတာကို ပြတ်ပြတ်သားသား ပယ်ချပါတယ်” လို့ ပါလီမန်၏ ၀က်ဘ်ဆိုက်က ထုတ်ဝေတဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
ဟန်ဂေရီနိုင်ငံသည် ၁၉၉၉ ခုနှစ်တွင် ရောမဥပဒေကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်အော်ဘန်က ICC ရဲ့ ဆုံးဖြတ်ချက်တွေကို အဖွဲ့ဝင်နိုင်ငံအနေနဲ့ အမြဲစိတ်ပျက်နေရပါတယ် လို့ ဆိုသွားပါတယ်။
အော်ဘန်သည် ပြီးခဲ့သည့်လက အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု ၏ နိုင်ငံတော်ခရီးစဉ် မတိုင်ခင် ကတည်းက သည်ဟေ့ဂ်မြို့ အခြေစိုက် အဖွဲ့အစည်းမှ နုတ်ထွက်ရန် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ ဂါဇာတွင် စစ်ရာဇ၀တ်မှုများဖြင့် ဟားမတ်စ်ခေါင်းဆောင် သုံးဦးနှင့်အတူ နေတန်ယာဟုနှင့် အစ္စရေးကာကွယ်ရေး ဝန်ကြီးဟောင်း ဂေါ်လန် တို့ကို ICC က ဖမ်းဝရမ်းထုတ်ထားပါတယ်။
ICC ၏ တရားစီရင်ပိုင်ခွင့်ကို လက်ရှိတွင် နိုင်ငံပေါင်း ၁၂၃ နိုင်ငံမှ အသိအမှတ်ပြုထားပါတယ်။ လက်မှတ်မရေး ထိုးထားသည့် နိုင်ငံများထဲတွင် အမေရိကန်၊ ရုရှား၊ တရုတ်နှင့် အစ္စရေးတို့ ပါဝင်သည်။ တရားရုံးတွင် ကိုယ်ပိုင်ရဲအင်အားမရှိသည့်အပြင် သံသယရှိသူများကို ဖမ်းဆီး၍ လွှဲပြောင်းရန်အတွက် အဖွဲ့ဝင်နိုင်ငံများ အပေါ်တွင် မှီခိုနေရပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment