KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ သံကူကွန်ကရစ်အမျိုးအစား တံတား အမှတ်(၄/၁၃၆) အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ သံကူကွန်ကရစ်အမျိုးအစား တံတား အမှတ်(၄/၁၃၆) အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

 



နေပြည်တော်၊ မေ ၄ 

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဒေသအတွင်း လမ်းပန်းဆက်သွယ် ရေးနှင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်စေရေးနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများ စိတ်အေးချမ်းသာစွာ ခရီးသွားလာနေမှုများကို မလိုလား၍ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်းနှင့် အကြမ်းဖက်လုပ်ရပ်အမျိုးမျိုးကို ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင်လျက်ရှိသည်။ 

ထိုသို့ လုပ်ဆောင်လျက်ရှိရာ KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမား များက ယနေ့နံနက်အစောပိုင်းတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ်၊ ၁၃၅/၇ နှင့် ၁၃၆ အကြား အရှည် ၃၇ ပေ၊ အကျယ် ၄၈ ပေ၊ ခံနိုင်ဝန်တန် ၆၀ ရှိ သံကူကွန်ကရစ်အမျိုးအစား တံတားအမှတ်(၄/၁၃၆)အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် အဆိုပါသံကူ ကွန်ကရစ်တံတားမှာ ကမ်းကပ်ခုံအနီးမှ အထက်ပိုင်းကျိုးကျ ပျက်စီးခဲ့ပြီး မော်တော် ယာဉ်များ ဖြတ်သန်းသွားလာနိုင်မှု မရှိကြောင်းနှင့် ထိုသို့ ပျက်စီးသွားသည့် တံတားအား တာဝန်ရှိသူများက ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါသံကူကွန်ကရစ်တံအား KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် တစ်ကြိမ်၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် တစ်ကြိမ် မိုင်းထောင်ဖောက်ခွဲခဲ့ပြီး ယနေ့ဖောက်ခွဲခဲ့မှုမှာ တတိယအကြိမ်မြောက် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ထိုသို့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် မော်တော်ယာဉ်များ၊ ဆေးရုံကားများ၊ ကျောင်းကားများ၊ ဈေးကားများ သွားလာနိုင်မှုမရှိဘဲ ပြည်သူလူထုမှ ၎င်းတို့၏လုပ်ရပ်အပေါ် လွန်စွာရွံမုန်းလျက်ရှိကြောင်းသိရှိရပြီး မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် . အကြမ်းဖက်သမားများကို လိုအပ်သည့် တုံ့ပြန်မှုများ ပြုလုပ်နိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များတိုးမြှင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)