ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီး သွား ကားလမ်းမကြီးပေါ်ရှိ ပေ ၈ဝ သံကူကွန်ကရစ် တံတား အမှတ်(၃/၁၇) အား KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီး သွား ကားလမ်းမကြီးပေါ်ရှိ ပေ ၈ဝ သံကူကွန်ကရစ် တံတား အမှတ်(၃/၁၇) အား KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီး




နေပြည်တော်၊ မေ ၂၆

လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်ဒေသအတွင်းလမ်းပန်း ဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်စေရေး၊ နိုင်ငံတစ်ဝန်းရှိ ပြည်သူများ စိတ်အေးချမ်းသာစွာ ခရီးသွားလာနေမှုများကို မလိုလား၍ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်းနှင့် လုပ်ဆောင်လျက်ရှိသည်။ 

အကြမ်းဖက်လုပ်ရပ်အမျိုးမျိုးကို ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင်လျက်ရှိရာ KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တညင်ပင်ကျေးရွာ ၏ အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာ ဘီးလင်း-နတ်ကြီးသွား ကားလမ်းမကြီး ပေါ်ရှိမိုင်တိုင်အမှတ်၊ ၁၆/၂ နှင့် ၃ အကြား အရှည် ၈၀ပေ၊ အကျယ် ၂၄ ပေရှိ သံကူ ကွန်ကရစ်အမျိုးအစား တံတားအမှတ်(၃/၁၇)အား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြသည်။ မိုင်းပေါက်ကွဲမှုဒဏ်ကြောင့် အဆိုပါသံကူကွန်ကရစ်တံတားမှာ တောင်ဘက် ကမ်းကပ်ခုံမှ ပြိုကျပျက်စီးခဲ့ပြီး လူနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်မှု မရှိကြောင်းနှင့် ပျက်စီးသွားသည့် တံတားအား တာဝန်ရှိသူများက ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ မိုင်းထောင်ဖောက်ခွဲမှုကြောင့် မော်တော်ယာဉ်များ၊ ဆေးရုံကားများ၊ ကျောင်းကားများ၊ ဈေးကားများ သွားလာနိုင်မှုမရှိသဖြင့် ပြည်သူလူထုမှ ၎င်းတို့၏ လုပ်ရပ်အပေါ် လွန်စွာရွံမုန်းလျက်ရှိကြောင်းသိရှိရပြီး မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခဲ့သည့် အကြမ်းဖက်သမားများကို လိုအပ်သည့်တုံ့ပြန်မှုများ ပြုလုပ်နိုင်ရေးနှင့် နယ်မြေ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ် များ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)