အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂) ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း Modular(prefabricated) office များရောက်ရှိလာမှု ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂) ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း Modular(prefabricated) office များရောက်ရှိလာမှု ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မေ ၇

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ ဦးမျိုးမြင့်နှင့်အတူ ယမန်နေ့က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှတစ်ဆင့် မီးရထားအတွဲ ၅၄ တွဲဖြင့် သယ်ဆောင်လာသည့် Modular (prefabricated) office ၁၀၈ လုံး ရွာတော်ဘူတာသို့ ရောက်ရှိလာမှုကိုသွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များသည် Modular (prefabricated) office များအား ကရိန်းများဖြင့် မော်တော်ယာဉ်များပေါ် စနစ်တကျတင်ဆောင်ပြီး ဝန်ကြီးဌာနရုံးများ၌ ယာယီရုံးအဆောက်အအုံများအဖြစ် အသုံးပြုနိုင်ရန် ဖြန့်ခွဲပို့ဆောင်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များသည် သီလဝါဆိပ်ကမ်းမှတစ်ဆင့် မော်တော်ယာဉ် ၁၆ စီးဖြင့် သယ်ဆောင်လာသည့် ယာယီရုံးခန်းများ၌ အသုံးပြုမည့် ပရိဘောဂပစ္စည်းများပါဝင်သော ကွန်တိန်နာဘောက်များအား ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ နေရာချထားမှုကို ကြည့်ရှုစစ်ဆေးသည်။

ယနေ့ရောက်ရှိလာသည့် Modular (prefa-bricated) office များကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးသို့ ၂၅ လုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ငါးလုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အလုံး ၃၀ နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ ၄၄ လုံး ဖြန့်ဝေနေရာချထားပေးခဲ့ပြီး ကျန်ရှိသည့် Modular office များနှင့် ရုံးသုံးပရိဘောဂပစ္စည်းများကို ဝန်ကြီးဌာနများသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။    


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)