နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ရုရှားသို့ ထွက်ခွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ရုရှားသို့ ထွက်ခွာ




နေပြည်တော်၊ မေ ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ဖို့ မေ ၇ ရက်၊ မနက် ၇ နာရီခွဲအချိန်က အထူးလေယာဉ်နဲ့ နေပြည်တော် တပ်မတော်လေဆိပ်မှ  ထွက်ခွါသွားပြီဖြစ်ကြောင်း သိရသည်။

 ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ အား နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်  ကောင်စီဝင်များ အဆင့်မြင့် တပ်မတော်အရာရှိ ကြီးများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

ချစ်ကြည်ရေး ခရီးစဉ်အတွင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ မေလ ၉ ရက်မှာ မော်စကိုမြို့ ရင်ပြင်နီမှာ ကျင်းပမယ့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများကို တက်ရောက်မည်ဖြစ်သည်။

ဒါ့အပြင် အခမ်းအနားကို တက်ရောက်လာသော နိုင်ငံ့ခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံ ဆွေးနွေးတာတွေ ဆောင်ရွက်သွားမှာ ဖြစ်သလို ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံ အစိုးရ နဲ့ ပြည်သူတွေအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စတွေ နဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေ ပိုမို တိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ရဲ့ ဇနီး ဒေါ်ကြူကြူလှ ကလည်း ရုရှားနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော် ဥက္ကဋ္ဌ မစ္စ ဗယ်လင်တီနာ မတ်ဗီယန်ကို နဲ့ တွေ့ဆုံ ဆွေးနွေးသွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ခရီးစဉ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်တွေ ဖြစ်တဲ့ ဒေါက်တာ ဘရွှေ နဲ့ ခွန်စံလွင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ညှိနှိင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ လိုက်ပါသွားကြောင်း သိရသည်။


https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)