မင်းကင်းမြို့နယ်၊ ကျောက်အိုးကျေးရွာတွင် တောင်သူပညာပေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းကင်းမြို့နယ်၊ ကျောက်အိုးကျေးရွာတွင် တောင်သူပညာပေးဆွေးနွေးပွဲကျင်းပ




မင်းကင်း  ၊ မေ ၇


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ တောင်သူပညာပေး‌ဆွေးနွေးပွဲကို ကျောက်အိုးကျေးရွာ၊ SMU နဝရတ်ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ဟေမာန်ကျော်ဝင်းက မီးခိုးမြူငွေ့တားဆီးရေးနှင့် ရာသီဥတုနှင့် လိုက်လျောညီထွေစိုက်ပျိုးရေးအကြောင်း ပြောကြားခဲ့ကြသည်။


ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒု-ရဲမှူးထွန်းထွန်းဝင်းနှင့် ဒု-ရဲအုပ်ဘုန်းကျော်တို့က ဆက်သွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြပြီးနောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဒု-လက်ထောက်ဦးစီးမှူးဦးဝေဖြိုးခန့်က စပါးသီးနှံခေါင်နှံမျိုးသန့်ပွားစိုက်ပျိုးနည်းစနစ်နှင့် သီးနှံပင်အတွက် လိုအပ်သောအာဟာရဓာတ်များအကြောင်းနှင့် လက်ထောက်ဦးစီးမှူးဒေါ်အေးနန္ဒာက ပိုးသတ်ဆေးအန္တရာယ်ကင်းစွာ ကိုင်တွယ်သုံးစွဲနည်းအကြောင်းများကို ပါဝါပွိုင့်ဖြင့် အသီးသီးဟောပြောရှင်းလင်းခဲ့ကြပြီး တက်ရောက်လာကြသည့် တောင်သူများက သိလိုသည့်အကြောင်းအရာများကို မေးမြန်းဆွေး‌‌နွေးခဲ့ကြကြောင်းနှင့် ကျေးရွာတောင်သူများအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ EM သဘာဝမြေ‌ဩဇာကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)