သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးရွာသွန်းလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံး ပြိုကျ၊နေအိမ် (၁၃) လုံးအမိုးလန်ပျက်စီးခဲ့ရသည့် မိသားစုများအား ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဘိုးများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးရွာသွန်းလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံး ပြိုကျ၊နေအိမ် (၁၃) လုံးအမိုးလန်ပျက်စီးခဲ့ရသည့် မိသားစုများအား ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဘိုးများပေးအပ်

 



သာပေါင်း ၊  မေ ၇


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊မီးသွေးတိုက် ကျေးရွာအုပ်စုနှင့်ဆောင်ဘုံ ကျေးရွာအုပ်စုတို့တွင် ဧပြီလ ၂၉ ရက်နေ့၌ဖြစ်ပွားခဲ့သော မိုးရွာသွန်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံး ပြိုကျ၊ နေအိမ် (၁၃) လုံးအမိုးလန်ပျက်စီးခဲ့ရသည့် မိသားစုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မေလ ၅ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဘိုးများ ပေးအပ်ခဲ့သည်။


ထိုသို့ မိုးရွာသွန်း လေပြင်းတိုက်ခတ်မှုကြောင့် ဆောင်ဘုံကျေးရွာအုပ်စု (ဆောင်ဘုံ၊ ကျွန်းပုလု၊ သုံးအိမ်စု) ကျေးရွာများနှင့်မီးသွေးတိုက် ကျေးရွာအုပ်စု၊ အလယ်ကျွန်း ကျေးရွာတို့တွင်ဧပြီလ ၂၉ ရက်နေ့ ၌ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၁၃) လုံး၊ ပြိုကျပျက်စီးနေအိမ် (၁) လုံးတို့မှ အိမ်ထောင်စု (၁၄) စု၊ လူဦးရေ (၄၃) ဦးအတွက် ဆန်ရိက္ခာဘိုးရန်ပုံငွေ (၂၁၅၀၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဘိုးရန်ပုံငွေ (၄၉၀၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ ကယ်ဆယ်ရေးရန်ပုံငွေပေါင်း (၇၀၅၀၀၀) တို့အား (၂/၅၊၅၊၂၀၂၅) ရက်နေ့၊နံနက် ၁၀ နာရီအချိန်၌ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိဦးအောင်မျိုးကိုနှင့် ဝန်ထမ်းတို့က ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။


သိန်းမြင့်မျိုးဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)