၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့ တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့ တက်ရောက်ချီးမြှင့်




ပဲခူး ၊ မေ ၇


ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ သင်တန်းတက်ရောက်မည့် ကင်းထောက်ကျောင်းသား လူငယ်မောင်မယ်များက “ကင်းထောက်ဂုဏ်ရည်” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကမ္ဘာပေါ်တွင် ၁၉၀၈ ခုနှစ်မှစတင်၍ ကင်းထောက်အဖွဲ့အစည်းအား စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ယခုအခါ လူငယ်(၅၇)သန်းကျော်သော ကင်းထောက်အဖွဲ့အစည်းများမှာ ကမ္ဘာ့ပညာရေး၏ ရှေ့ဆောင်လမ်းပြအနေဖြင့် နိုင်ငံပေါင်း(၂၀၀)ကျော်တွင် လူငယ်လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီးအတွင်းမှာ ယခုသင်တန်းပြီးပါက ကင်းထောက်မောင်မယ် (၃၆၀)ဦးရှိလာမှာဖြစ်ကြောင်း၊ ကင်းထောက်သင်တန်းများမှ အမိမြေကိုချစ်တဲ့စိတ်၊ ကျေးဇူးသစ္စာကိုစောင့်သိတဲ့စိတ်၊ မိမိပါဝင်သည့် အဖွဲ့အစည်းပေါ်မှာ သစ္စာစောင့်သိတဲ့စိတ်၊ ပူးပေါင်း ဆောင်ရွက်လိုတဲ့စိတ်၊ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းတဲ့ အလေ့အကျင့်၊ သူတစ်ပါးကို ဖေးမကူညီလိုတဲ့စိတ်၊ စိတ်ကောင်းစိတ်မြတ်များကို သင်တန်းသား/သူတွေရဲ့စိတ်မှာ သံမှိုစွဲသလို ခိုင်မာကြလျက် လောကကောင်းကျိုး၊ နိုင်ငံအကျိုး၊ အများအကျိုးတို့ကို စွမ်းစွမ်းတမံဆောင်ရွက်သွားနိုင်ကြမည့် နိုင်ငံတော်က အားထားရသော လူကောင်းလူတော်များ ဖြစ်လာကြမှာဖြစ်ကြောင်း၊ ကင်းထောက်မောင်မယ်များအနေဖြင့် ဆောင်ပုဒ်ပါ “အစဉ်အသင့်” ဆိုသည့်အတိုင်း လူ့အဖွဲ့အစည်းအတွက် အရာရာကူညီပေးဖို့ အစဉ်သင့်ဖြစ်နေမည့် လူငယ်မောင်မယ်များ၊ ဖျတ်လတ်နိုးကြားသည့် သတိတရားနှင့် တာဝန်ယူ၊ တာဝန်ခံတတ်သည့် စိတ်ထားများဖြင့် နွေရာသီကို အကျိုးရှိရှိ အသုံးချသွားရန်နှင့် မကောင်းမှုများကို ရှောင်ရှားခြင်း ကောင်းမှုများကို စိတ်အားထက်သန်စွာ ဆောင်ရွက်တတ်ခြင်းနှင့် လူငယ်ဘဝများ၏ ဖြူစင်တဲ့စိတ်ထားများကို အစဉ်အမြဲ ဖြူစင်အောင် ကြိုးစားအားထုတ်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် ပဲခူးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ကင်းထောက်များရဲ့ရှေ့သို့ခြေလှမ်း” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့က သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


အဆိုပါ ကင်းထောက်သင်တန်းသည် တိုင်းပြည်အပေါ် သစ္စာရှိရန်၊ တိုင်းပြည်က အားထားရသည့်လူငယ်များ ဖြစ်လာစေရန်၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ မိမိကိုယ်ကို ယုံကြည်သည့် စိတ်ဓာတ်ခိုင်မာသူများဖြစ်လာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းအတွက် ပဲခူးမြို့တွင် (၆၀)ဦး၊ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းအတွက် ပြည်မြို့တွင် (၆၀)ဦး စုစုပေါင်း (၁၂၀)ဦးအား မေလ(၆)ရက်မှ မေလ(၁၇)ရက်နေ့အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)