မေ - ၇ ( ဗုဒ္ဓဟူးနေ့ )
စလိုဗက်ကီးယားရှိ တက်ကြွလှုပ်ရှားသူများသည် အီးယူမှ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းပေးရန် တောင်းဆိုသည့် လက်မှတ်ပေါင်း ၄၀၀,၀၀၀ နီးပါး စုဆောင်းနိုင်ခဲ့တဲ့အတွက်ကြောင့် နိုင်ငံ၏သမ္မတ ပီတာပယ်လီဂရီနီသည် အသနားခံစာကို တုံ့ပြန်တဲ့အနေနဲ့ တစ်လအတွင်း ပြည်သူ့ဆန္ဒခံယူပွဲကျင်းပရန် စဉ်းစားရမှာ ဖြစ်ပါတယ်။
စလိုဗက် ပြန်လည်ရှင်သန်ရေး လှုတ်ရှားမှု (SHO) အဖွဲ့ဝင်များ၏ အသနားခံစာနောက်ကွယ်တွင် အမျိုးသားပါတီ DOMOV တို့သည် သမ္မတရုံးသို့ လက်မှတ်များ တင်သွင်းခဲ့ကြပါတယ်။ "ရုရှားဖက်ဒရေးရှင်းအပေါ် ပိတ်ဆို့အရေးယူမှုများသည် စလိုက်ဗက်နိုင်ငံသားများ၊ ကုန်သည်များနှင့် လုပ်ငန်းရှင်များကို ထိခိုက်စေကြောင်း သင်သဘောတူပါသလား" ဆိုတဲ့ မေးခွန်းကို သဘောတူပါတယ်ဆိုတဲ့ အဖြေ ၄ သိန်း နီးပါးအတွက် အစိုးရအနေနဲ့ ပြန်လည်စဉ်းစားဖို့လိုကြောင်း ဆိုသွားပါတယ်။
ဥပဒေအရ စလိုဗက်ပြည်သူ ၃သိန်းခွဲကျော် လက်မှတ်ထိုးထားတဲ့ အသနားခံစာဆိုရင် သမ္မတရုံးက လက်ခံစဉ်းစားပေးရမှာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ကောက်ယူခဲ့တဲ့ ဆန္ဒပြုမှုတွေက မေလအရောက်မှာ ၄ သိန်းကျော်သွားပါတယ်။ သမ္မတရုံးကတော့ "အသနားခံစာ စာရွက်များကို ဥပဒေနှင့်အညီ တင်းကြပ်စွာ ကိုင်တွယ်ရန်" ကတိပြုခဲ့ပါတယ်။
SHO ခေါင်းဆောင် ရောဘတ်စဘတ် က သမ္မတ ပယ်လီဂရီနီ ၏ ရုရှား ဆန့်ကျင်ရေး ပိတ်ဆို့အရေးယူမှုများနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ်ရာများကို ကိုးကား၍ ဆန္ဒခံယူပွဲ ပြုလုပ်ရန် နဲ့ သမ္မတသည် အဆိုပါ အသနားခံစာကို လျစ်လျူမရှုဘဲ ဆန္ဒခံယူပွဲ ပြုလုပ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
DOMOV ခေါင်းဆောင် ပါဗိုစတိုလာ က စလိုဗက်ကီးယား၏ အနာဂတ်သည် မော်စကိုအပေါ် ပိတ်ဆို့အရေးယူမှုများကို ရုတ်သိမ်းမည်လား မရုပ်သိမ်းခြင်းအပေါ် မူတည်ကြောင်း ပြောကြားခဲ့ပါတယ်။ "ဒါဟာ ငါတို့နိုင်ငံတစ်ခုလုံး၊ စလိုဗက် နိုင်ငံသားအားလုံးနဲ့ ပတ်သက်တယ်" ဟု ၎င်းက ပြောကြားခဲ့ပါတယ်။
ဘောဂဗေဒပညာရှင် ပီတာစတန်နက်ခ် က “ပိတ်ဆို့အရေးယူမှုတွေဟာ ဘယ်တုန်းကမှ အလုပ်မဖြစ်ခဲ့ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်းပြသတဲ့ လေ့လာမှု ဒါဇင်များစွာရှိပါတယ်၊” အဲ့ဒိအစား “ချမှတ်ထားသူတွေကို” ထိခိုက်စေတယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းပဋိပက္ခများ ပြင်းထန်လာပြီးနောက် ရုရှားအပေါ် ချမှတ်ထားသော အီးယူ ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများကို စလိုဗက်ကီးယားနိုင်ငံသည် အကောင်အထည်ဖော်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာသော ရောဘတ် ဖီကို က ဒဏ်ခတ်အရေးယူမှုများသည် အလုပ်မဖြစ်ဘဲ မော်စကိုထက် အဖွဲ့ဝင်နိုင်ငံများကို ပိုမိုထိခိုက်စေကြောင်း ပြောကြားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost


No comments:
Post a Comment