အိန္ဒိယကတော့ အော်ပရေးရှင်း ဆင်ဒိုး (ငရဲတံခါး စစ်ဆင်ရေး) နဲ့ အကြမ်းဖက်စခန်းတွေကို စ ဆော်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိန္ဒိယကတော့ အော်ပရေးရှင်း ဆင်ဒိုး (ငရဲတံခါး စစ်ဆင်ရေး) နဲ့ အကြမ်းဖက်စခန်းတွေကို စ ဆော်ပြီ




မေ - ၇ ( ဗုဒ္ဓဟူးနေ့ ) 

မေလ ( ၇ ) ရက်နေ့ မနက် ၁ နာရီ ၄၄ မိနစ်မှာ အိန္ဒိယနိုင်ငံအတွင်းရှိ အကြမ်းဖက်စခန်း ၅ ခုနဲ့ ပါကစ္စတန်မြေပေါ်ရှိ အကြမ်းဖက်စခန်း ၄ ခုတို့ကို လေကြောင်းတိုက်ခိုက်မှု စတင်လုပ်ခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနအဆိုအရ တိုက်ခိုက်မှုတွေအားလုံး ထိရောက်မှုရှိတယ်လို့ သိရပါတယ်။ 

ဧပြီလ ၂၂ ရက်နေ့က ကတ်ရှ်မီးယားမှာအရပ်သား ၂၆ ယောက်သေသွားတဲ့ အကြမ်းဖက်မှုကိုလုပ်တဲ့ လက်ရှ်ကာအီတိုင်ဘာ အဖွဲ့ရဲ့ဌာနချုပ် နဲ့ ဂျေးရှ် အီ မိုဟာမတ် ဌာနချုပ်ကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒိတိုက်ခိုက်မှုကို လုပ်ဖို့ အိန္ဒိယ ကြည်း ၊ ရေ ၊ လေ တပ်ပေါင်းစုနဲ့ တိုက်ခဲ့ပါတယ်။ 

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရေ့စ် ကတော့ အိန္ဒိယ - ပါကစ္စတန် စစ်ပွဲကို ကမ္ဘာ့ဘယ်နိုင်ငံမှ ရပ်တန့်အောင် မစွမ်းဆောင်နိုင်တော့ဘူးလားလို့ မေးခွန်းထုတ်နေပါပြီ။ 

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှရစ် ကတော့ သူ့ရဲ့ အိတ်စ်မီဒီယာ အကောင့်မှာ "ကျနော်တို့ ပါကစ္စတန်သားတွေက ရန်သူတွေကို ဘယ်လိုတိုက်ရမယ်ဆိုတာ သိပြီးသားပါ။ ပြန်ပြီးတော့ ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမှာပါ” လို့ ရေးတင်ထားပါတယ်။ ပါကစ္စတန်စစ်တပ်ကလည်း “ပြောစရာ စကားလည်း မရှိတော့ပါဘူး။ အဖြေလည်း ထုတ်တော့မှာ မဟုတ်ပါဘူး။ ကျနော်တို့ ရွေးချယ်ထားတဲ့ အချိန်နဲ့ နေရာမှာတုံ့ပြန်မှုတွေကို စလုပ်မှာပါ။ အိန္ဒိယကပေးတဲ့ ဝမ်းနည်းမှုတွေကို ယာယီသိမ်းဆည်းထားမှာပါ" လို့ ထုတ်ပြန်သွားပါတယ်။ 

အိန္ဒိယစစ်တပ်ကတော့ "ထိုက်တန်တဲ့ တရားမျှတမှု" တစ်ခုကို လုပ်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။ “ပါဟယ်ဂန် အကြမ်းဖက်တိုက်ခိုက်မှုအတွက် ကျနော်တို့ပြန်ပြီး လက်တုံ့ပြန်နိုင်ပါပြီ။ အဲ့ဒိအတွက် တာဝန်ယူမှုတွေကို လုပ်ထားပါတယ်” လို့လည်း ဆိုပါတယ်။ 


REF:  Hindustan Times

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)