သစ်ခွဲသားများခွဲစိတ်ဆောင်ရွက်နေမှု၊ သစ်မျိုးအလိုက်၊ သစ်ခွဲသားအရွယ်အစားအလိုက် ခွဲစိတ်ဆောင်ရွက်စုပုံထားမှု၊ သစ်ခွဲသားများဖြန့်ဖြူးမှုအခြေအနေများကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သစ်ခွဲသားများခွဲစိတ်ဆောင်ရွက်နေမှု၊ သစ်မျိုးအလိုက်၊ သစ်ခွဲသားအရွယ်အစားအလိုက် ခွဲစိတ်ဆောင်ရွက်စုပုံထားမှု၊ သစ်ခွဲသားများဖြန့်ဖြူးမှုအခြေအနေများကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မေ  ၇

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၅-၅-၂၀၂၅ ရက်နေ့က ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ် ကေတုမတီမြို့သစ်ရှိ မြန်မာ့သစ်လုပ်ငန်း အမှတ်(၈၉) သစ်စက်သို့သွားရောက်၍ သစ်စက်အတွင်း သစ်ခွဲသားများခွဲစိတ်ဆောင်ရွက်နေမှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သစ်မျိုးအလိုက်၊ သစ်ခွဲသားအရွယ်အစားအလိုက် ခွဲစိတ်ဆောင်ရွက်ခြင်းကို စနစ်တကျ ဆောင်ရွက်သွားရန်၊ သစ်အလေအလွင့်အနည်းဆုံးနှင့် ခွဲသားထွက်ရာခိုင်နှုန်းအများဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရန်မှာကြားသည်။

ထို့နောက် အုတ်တွင်းမြို့နယ်ရှိ အမှတ် (၈၈) သစ်စက်၊ ဥယျာဉ်တော်သို့သွားရောက်၍  သစ်စက်အတွင်းသစ်ခွဲသားများခွဲစိတ်ဆောင်ရွက်နေမှု၊ သစ်မျိုးအလိုက်၊ သစ်ခွဲသား အရွယ်အစားအလိုက် ခွဲစိတ်ဆောင်ရွက်စုပုံထားမှု၊  သစ်ခွဲသားများဖြန့်ဖြူးမှုနှင့် သစ်စက်လက်ကျန် ကျန်ရှိမှုအခြေအနေများကို   လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်  လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရေး မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ငူမြို့နယ်ရှိ ကံရိုးသစ်တောပျိုးဥယျာဉ်သို့သွားရောက်၍ သစ်မျိုး ၂၅ မျိုးဖြင့် အထူးပျိုးပင်  ၁၅၀၀၀  ကျော်  ပျိုးထောင်ထားရှိမှုအခြေအနေနှင့်သစ်တောဝင်းအတွင်းသစ်မျိုး ၁၈ မျိုးဖြင့် သစ်မျိုးစုံစိုက်ခင်းဆောင်ရွက်ထားရှိမှုအခြေအနေများအား  လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တောင်ငူမြို့ရှိ  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးတွင် ခရိုင်၊ မြို့နယ်ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများ၏တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

မွန်းလွဲပိုင်းတွင် အုတ်တွင်းမြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း ဗောဓိကုန်းသစ်ဆိပ်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက သစ်ထုတ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ သစ်ဆိပ်အတွင်း သစ်မျိုးအလိုက် သစ်လုံးလက်ကျန် ကျန်ရှိမှု၊ သစ်စက်များသို့ သစ်လုံးများပို့ဆောင်ပြီးစီးမှုနှင့်ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးပြီး သစ်ဆိပ်အတွင်း သစ်လုံးများ ရောက်ရှိစုပုံထားမှု   အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြောင်း  သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)