ရုံးအဆောက်အအုံနှင့် ရုံးစာရွက်စာတမ်းများ၊ ရုံးသုံးပစ္စည်းများ လုံခြုံရေးအတွက် စနစ်တကျ ထိန်းသိမ်းထားရှိရေးမှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုံးအဆောက်အအုံနှင့် ရုံးစာရွက်စာတမ်းများ၊ ရုံးသုံးပစ္စည်းများ လုံခြုံရေးအတွက် စနစ်တကျ ထိန်းသိမ်းထားရှိရေးမှာကြား


နေပြည်တော်၊ မေ  ၇

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အလုံမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ရုံးခန်းများအခြေအနေနှင့် မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ ထိန်းသိမ်းထားရှိမှုကို  လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 

ကြည့်ရှုစစ်ဆေးစဉ်ပြည်ထောင်စုဝန်ကြီးက ရုံးအဆောက်အအုံနှင့် ရုံးစာရွက်စာတမ်းများ၊  ရုံးသုံးပစ္စည်းများလုံခြုံရေးအတွက် စနစ်တကျထိန်းသိမ်းထားရှိရေး၊  မီးဘေးအန္တရာယ်နှင့်သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် စီမံဆောင်ရွက်ထားရှိရေး၊ တာဝန်ကျဝန်ထမ်းများ စနစ်တကျတာဝန်ချထားရေးနှင့် ဝင်/ထွက်မှုမှတ်တမ်းများ ရေးသွင်းဆောင်ရွက်ရေး၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိစေရေးမှာကြားကာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြချက်များအပေါ်  လိုအပ်သည်များ  ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါရုံးဝန်ထမ်းများက ဒေသခံပြည်သူများကိုပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းဝင်/ ပြောင်းထွက်အတွက် လျှောက်ထားသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများ၊ လဲလှယ်နှင့် ပျောက်ဆုံး၊ ပျက်စီးလျှောက်ထားသူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား  ဆောင်ရွက်ထုတ်ပေးနေမှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးက လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများကို  လုပ်ငန်းဆိုင်ရာအခက်အခဲများ မေးမြန်းဆွေးနွေး၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic / Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)