နေပြည်တော်၊ မေ ၁၀
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် နေပြည်တော်ရှိ ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့် ပြည်သူများသက်သာချောင်ချိရေး၊ ဈေးနှုန်းသက်သာစွာဝယ်ယူအသုံးပြုနိုင်ရေးအတွက် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ MSME များမှ ထုတ်လုပ်သည့် ထုတ်ကုန်များ၊ လူသုံးကုန်၊ စားသုံးကုန်၊ မီးဖိုချောင်သုံးပစ္စည်းမျိုးစုံကို ရုံးအမှတ် (၃၀)၌ လာရောက်ရောင်းချမှုကို ကြည့်ရှုအားပေးသည်။
ထို့အတူ MSME ထုတ်ကုန်များကို မေ လ ၆ ရက်တွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၇)နှင့် (၄၁) တို့၌ ရောင်းချပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မေလ ၅ ရက်မှ ဇွန်လ ၆ ရက်အထိ တစ်လကြာပစ္စည်းအမယ်စုံ ၁၅၀ ခန့်ကို ၁၀ ဘီးကား ကွန်တိန်နာ အမိုးဖွင့်ယာဉ်ဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ပဲခူးတိုင်းဒေသကြီး၌ ရောင်းချပေးလျက်ရှိသော ဈေးနှုန်းများအတိုင်း ရောင်းချပေး သွားမည်ဖြစ်ရာ လိုအပ်သောကုန်ပစ္စည်းများအား ပဲခူးတိုင်းဒေသကြီးမှ မော်တော်ယာဉ်ဖြင့် အမြဲမပြတ်ပေးပို့ဖြည့်ဆည်းပေးလျက် ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment