မြင်းမူ၊ မေ ၁
မြင်းမူမြို့နယ်မှ PDF အကြမ်းဖက်အဖွဲ့ဝင် ၁၂ ဦး ယမန်နေ့က ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဧပြီလ၂၅ ရက်နေ့က ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ တံတားဦးမြို့နယ်၊ မိုးကုတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့၊ မုံရွာမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၊ နောင်ချိုမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၃၀ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် အခမ်းအနားဖြင့် လက်ခံပြီး မိဘအုပ်ထိန်းသူများထံ အပ်နှံပေးခဲ့သည်။
၎င်းတို့နှင့်အတူပါလာသည့် Type-81 အမျိုးအစား သေနတ် ၅ လက်၊ ၎င်းကျည်အိမ် ၁၃ ခု၊ ကျည် ၉၀၀ တောင့်နှင့် လက်ပစ်ဗုံး ၅ လုံးတို့ကို အပ်နှံကြရာ လက်ခံရယူပြီး သေနတ် ၁ လက်လျှင် ဆုကြေးငွေကျပ်သိန်း ၅၀နှုန်းဖြင့် သေနတ် ၅ လက်အတွက် ဆုကြေးငွေကျပ်သိန်း ၂၅၀ ၊ လက်ပစ်ဗုံး ၅ လုံးအတွက် ကျပ် ၃ သိန်းနှင့်ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအတွက် ကျပ်သိန်း ၁၄၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယခုအခါ မြင်းမူမြို့နယ်မှ PDF အကြမ်းဖက်အဖွဲ့ဝင်များသည် ဥပဒေဘောင်အတွင်း ဝင်ရောက်လာပြီးသူများနှင့် ချိတ်ဆက်၍ ဝင်ရောက်လာခြင်းဖြစ်သဖြင့် အခမ်းအနားဖြင့် မိဘအုပ်ထိန်းသူများထံ အပ်နှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment