မြစ်ကြီးနားမြို့၊ လေယာဉ်ကွင်းသို့ အကြမ်းဖက်သမားများက ရှော့တိုက်ဒုံးများဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့၊ လေယာဉ်ကွင်းသို့ အကြမ်းဖက်သမားများက ရှော့တိုက်ဒုံးများဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်



နေပြည်တော်၊ မေ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လေယာဉ်ကွင်းအတွင်းရှိ အရေးကြီးအဆောက် အဦများအား ထိခိုက်ပျက်စီးစေရန်နှင့် ပြည်သူများအထိတ်တလန့်ဖြစ်စေရန် အကြံအစည်များဖြင့် KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသည့် အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ယမန်နေ့ မွန်းလွဲပိုင်း ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ရှော့တိုက်ဒုံးဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ အကြမ်းဖက်သမားများ၏ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မြစ်ကြီးနားမြို့၊ လေယာဉ်ကွင်း၏ အရှေ့မြောက်ဘက် မီတာ ၄၅၀ အကွာနေရာ သို့ ရှော့တိုက်ဒုံး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့် အဆောက်အဦ ထိခိုက်ပျက် စီးမှုမရှိကြောင်း သိရှိရသည်။

အဆိုပါ ရှော့တိုက်ဒုံးပစ်ခတ်ခဲ့သည့် နေရာနှင့်အနီးဝန်းကျင်တစ်ဝိုက်အား ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိပြီး ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေး လိုအပ်သည့် မေးမြန်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)