ငါ့သရောက်မြို့၊ ရွာပုလဲကျေးရွာမှ ရွာသား ၂ဦး PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်း ခံရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ငါ့သရောက်မြို့၊ ရွာပုလဲကျေးရွာမှ ရွာသား ၂ဦး PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်း ခံရ



ညောင်ဦး၊ မေ ၁၁

ငါ့သရောက်မြို့၊ ရွာပုလဲကျေးရွာမှ ဦးတင်ဝင်း၊ ဦးကျော်မိုး တို့ကို ၁၁-၅-၂၀၂၅ ရက်နေ့ ၁၀:၂၀ အချိန်ခန့်တွင် PDF အကြမ်းဖက်သမားများ က လာရောက် ပစ်သတ်သွားကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ရွာပုလဲကျေးရွာ၌ PDF အကြမ်းဖက်များက ကျေးရွာသား ၂ဦးအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားကြောင်း သတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ အခင်းဖြစ်ကျေးရွာသို့ သွားရောက်စစ်ဆေးခဲ့ရာ ရွာပုလဲကျေးရွာနေ ဦးတင်ဝင်း (ပြည်ခိုင်ဖြိုးပါတီ၊ ရပ်ကျေးဥက္ကဋ္ဌ)တွင် ယာ-လက်ပြင် ဖောက်ဝင်ဒဏ်ရာ ၂ချက်၊ ဝဲ-ရင်အုံ ဖောက်ထွက်ဒဏ်ရာ ၂ချက်၊ ဝဲ-လည်ပင်း ဖောက်ထွက်ဒဏ်ရာ ၂ချက်ဖြင့်လည်းကောင်း၊ ဦးကျော်မိုး လ္ဘက်ရည်ဆိုင်ပိုင်ရှင်တွင် ဝဲ-နောက်ကျောမှ ဖောက်ဝင်ပြီး ဝဲ-ရင်အုံ ဖောက်ထွက်ဒဏ်ရာဖြင့် လည်းကောင်း သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

သေဆုံးသူ ဦးတင်ဝင်းနှင့် ဦးကျော်မိုးတို့ နားခိုခွင့် လ္ဘက်ရည်ဆိုင်ရှေ့၌ စကားရပ်ပြောနေစဉ် အိုင်ရင်းကျေးရွာဘက်မှ PDF အကြမ်းဖက်သမား၆ဦး၊ ဆိုင်ကယ် ၃စီးဖြင့် ရောက်ရှိလာပြီး ဒလန်တွေ ရှင်းပစ်ရမယ်ဟု ပြောကာ သေနတ်ဖြင့်ပစ်ခတ် ထွက်ပြေးသွားကြောင်း သိရသည်။

ငါ့သရောက်မြို့နယ်အတွင်း PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ (၁၉)ဦး သေဆုံးခဲ့ရပြီး နိုင်ငံဝန်ထမ်းများ၊ ၎င်းတို့ကို ထောက်ခံအားပေးခြင်း မရှိသည့် ပြည်သူများကို PDF အကြမ်းဖက်သမားများက ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိသော်လည်း အကြမ်းဖက်နှိမ်နင်းရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ထိရောက်စွာ လုပ်ဆောင်ခြင်း မရှိသောကြောင့် ဒေသခံများမှာ စိုးရိမ်သောကဖြင့် နေထိုင်နေကြရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)