နန်နင်းမြို့၊မြန်မာကောင်စစ်ဝန်ချုပ်သည် The 2nd Hunan (Huaihua) RCEP Economic and Trade Expo သို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နန်နင်းမြို့၊မြန်မာကောင်စစ်ဝန်ချုပ်သည် The 2nd Hunan (Huaihua) RCEP Economic and Trade Expo သို့ တက်ရောက်




ဟွိုင်ဟွ၊ မေ ၁၁

၉-၅-၂၀၂၅ ရက်နေ့မှ ၁၁-၅-၂၀၂၅ ရက်နေ့အထိဟူနန်ပြည်နယ်၊ ဟွိုင်ဟွမြို့ရှိ HuaihuaInternational Convention and Exhibition Center ၌ The 2nd Hunan (Huaihua) RCEP Economic and Trade Expoကျင်းပလျက်ရှိရာ ၉-၅-၂၀၂၅ ရက်နေ့တွင် ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားသို့ နန်နင်းမြို့၊မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းပါဝင် တက်ရောက်ခဲ့သည်။

 အဆိုပါကုန်စည်ပြပွဲကိုဟူနန်ပြည်နယ်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနနှင့် ဟွိုင်ဟွမြို့ အစိုးရတို့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီးဟူနန်ပြည်နယ်နှင့် RCEP နိုင်ငံများအကြား စီးပွားရေး၊ ကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင် နိုင်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။ အဆိုပါကုန်စည်ပြပွဲသည် စုစုပေါင်းဧရိယာ၂၀,၀၀၀ စတုရန်းမီတာ ကျော်ကျယ်ဝန်းပြီးတရုတ်နှင့် မြန်မာနိုင်ငံအပါအဝင် RCEP နိုင်ငံများမှ ကုန်ပစ္စည်းများပါဝင်ပြသခဲ့ကြသည်။ 

 ဖွင့်ပွဲအခမ်းအနား၌ ဟွိုင်ဟွမြို့ ပါတီကော်မတီအတွင်းရေးမှူး Mr. Xu Zhongjianနှင့် ဂုဏ်ထူးဆောင်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံကိုယ်စားကူမင်းမြို့အခြေစိုက် ထိုင်းကောင်စစ်ဝန်ချုပ်၊ ဟူနန်ပြည်နယ်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနနှင့် ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် တို့ကအဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး ချုံချင့်မြို့ အခြေစိုက် ကမ္ဘောဒီးယားကောင်စစ်ဝန်ချုပ်၊  ကွမ်ကျိုးမြို့အခြေစိုက် မလေးရှားကောင်စစ်ဝန်ချုပ်၊ နန်နင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်တို့ကသက်ဆိုင်ရာနိုင်ငံများ၏ စီးပွားရေးမြှင့်တင်ရေး ဆိုင်ရာများကိုရှင်းလင်းဆွေးနွေးခဲ့ကြသည်။

 ဟွိုင်ဟွမြို့ ပါတီကော်မတီအတွင်းရေးမှူး Mr. Xu Zhongjian က အဖွင့်အမှာ စကားပြောကြားရာတွင် သမ္မတရှီကျင့်ဖျင်၏ လမ်းညွှန်ချက်နှင့်အညီ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုများရရှိစေရန် ဟွိုင်ဟွမြို့ကိုနိုင်ငံတကာ ကုန်းမြေပင်လယ်ရေကြောင်း ကုန်သွယ် ရေးစင်္ကြံ၏ ကုန်းတွင်းထောက်ပံ့ ပို့ဆောင်ရေး အချက်အချာနေရာ ဖြစ်လာစေရေး ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကုန်စည်ပြပွဲမှတစ်ဆင့်ဟွိုင်ဟွမြို့နှင့် RCEP နိုင်ငံများအကြား အပြန်အလှန် အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ RCEP နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအထူးသဖြင့် ပီလောပီနံနှင့် ပိုတက်ရှ် ဓါတ်မြေဩဇာကဏ္ဍများတွင် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ထို့အပြင် ခရီးသွား လုပ်ငန်းကဏ္ဍကိုတိုးချဲ့ခြင်းဖြင့် ပြည်သူအချင်းချင်းကူးလူးဆက်ဆံရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေးတို့ကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။ 

 မြန်မာကောင်စစ်ဝန်ချုပ်ကအမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံမှ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအထူးသဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများချမှတ်ဆောင်ရွက်နေမှုများ၊ အထူးစီးပွားရေးဇုန်များတည်ထောင်ထားရှိမှု၊ ယင်းဇုန် များတွင်လာရောက်ရင်းနှီးမြှုပ်နှံခြင်းဖြင့် ရရှိနိုင်မည့် အကျိုးခံစားခွင့်များ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးတွင် တိုးမြှင့်ဆောင်ရွက်နိုင်မည့်ကဏ္ဍများ၊ မြန်မာနိုင်ငံနှင့် ဟူနန်ပြည်နယ်တို့အကြားကုန်သွယ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့်အလားအလာများအပြင် နှစ်နိုင်ငံအကြားကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၌ အပြန်အလှန်မြှင့်တင်နိုင်ရေးစသည်တို့ကိုရှင်းလင်းဆွေးနွေးခဲ့သည်။ 

ကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်းစသည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ မြန်မာဘီယာ၊ ကော်ဖီ၊ လက်ဖက်ခြောက်စသည့် စားသောက်ကုန်များ၊ ပယင်းလက်ဝတ်ရတနာများ၊ သစ်သားလက်မှုထည်များ၊ ခရီးသွား လုပ်ငန်းမြှင့်တင်ရေး လက်ကမ်းစာစောင်များစုံစုံလင်လင် ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)