အိန္ဒိယနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်များကျခံပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စိစစ်ပြီးသူ အမျိုးသား(၃)ဦးအား နေရပ်သို့ ပြန်လည် ပို့ဆောင် - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်များကျခံပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စိစစ်ပြီးသူ အမျိုးသား(၃)ဦးအား နေရပ်သို့ ပြန်လည် ပို့ဆောင်


နယူးဒေလီ၊ မေ ၁၁

အိန္ဒိယနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်များကျခံပြီး၍ ပြန်လည်လွတ်မြောက်ပြီး၊  မဏိပူရ်ပြည် နယ်ရှိ နိုင်ငံခြားသားများ ထိန်းသိမ်းရေးအကျဉ်းထောင်(Foreigners Detention Centre) တွင် ထိန်းသိမ်းထားရှိသည့် မြန်မာနိုင်ငံသားမှန်ကန်ကြောင်စိစစ်ပြီးသူ အမျိုးသား(၃)ဦးသည် ၂၀၂၅ ခုနှစ် မေလ ၇ ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် ၁၃:၀၀ နာရီတွင် တမူးမြို့၊ အပြည်ပြည်ဆိုင်ရာနယ်စပ် ဝင်/ထွက် ဂိတ်မှ တစ်ဆင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပါသည်။ 

ထိုသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် မြန်မာသံရုံး က အိန္ဒိယ ပြည်ပ ရေးရာဝန်ကြီးဌာန(Ministry of External Affairs-MEA)မှတစ်ဆင့် မဏိပူရ် ပြည်နယ်ရှိ သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)