ဒီပဲယင်းမြို့နယ်၊ အင်ပင်ရွာ စာသင်ကျောင်းတွင် PDF အကြမ်းဖက်သမားများက အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒီပဲယင်းမြို့နယ်၊ အင်ပင်ရွာ စာသင်ကျောင်းတွင် PDF အကြမ်းဖက်သမားများက အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရ


ဒီပဲယင်း၊ မေ ၁၄

ဒီပဲယင်းမြို့နယ်၊ အင်ပင်ရွာ စာသင်ကျောင်းတွင် PDF အကြမ်းဖက်သမားများက အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးချုပ်နှောင်ထားကြောင်း ဒေသခံက ဆက်သွယ်သတင်းပေးပို့ထားသည်။

ဒေသခံ၏ ဆက်သွယ်ပေးပို့ချက်အရ "ဒီပဲယင်းမြို့နယ်၊ အင်ပင်ရွာနှင့် ယဒင်ရွာ စာသင်ကျောင်းတွင် PDF အကြမ်းဖက်သမားများက ၎င်းတို့ကို ထောက်ခံအားပေးခြင်းမရှိသော ပြည်သူများကို ဖမ်းဆီးချုပ်နှောင်ထားပါတယ်။ အကြမ်းဖက်အဖွဲ့က သူတို့တပ်ချင်တဲ့ ပုဒ်မတပ်ပြီး ဖမ်းဆီးချုပ်နှောင်ထားတာပါ။ အများအပြား အဖမ်းခံထားရပါတယ်။ စာသင်ကျောင်းက နှစ်ဆောင်ရှိပါတယ်။ အရှေ့ဘက်အဆောင်ကို အချုပ်ထောင် လုပ်ထားတာပါ။ အရာတော်၊ ဒီပဲယင်း၊ ဘုတလင်မြို့နယ်များမှ ဖမ်းဆီးခံထားရသူတွေ ရှိပါတယ်။" ဟု ပြောသည်။

ဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်ရေး ကူညီတဲ့အနေနဲ့ ဒီသတင်းကို ဖော်ပြပေးပါ ဟု ဆက်လက်ပြောဆိုသည်။

PDF အကြမ်းဖက်သမားများသည် စာသင်ကျောင်းများကို အကြမ်းဖက်စခန်းအဖြစ်လည်းကောင်း၊ လက်နက်ထုတ်လုပ်ရေး အလုပ်ရုံအဖြစ်လည်းကောင်း၊ NUG အကြမ်းဖက်အဖွဲ့၏ ကြားကာလစာသင်ကျောင်းဟုဆိုကာ CDM ဝန်ထမ်းများဖြင့် ကျောင်းဖွင့်လှစ်နေသည်များလည်း ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)