ငါ့သရောက်မြို့နယ်တွင် တပ်ကို သတင်းပေးရင် အိမ်များကို လာရောက်မီးရှို့မည်ဟု PDF အကြမ်းဖက်သမားများက ခြိမ်းခြောက်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ငါ့သရောက်မြို့နယ်တွင် တပ်ကို သတင်းပေးရင် အိမ်များကို လာရောက်မီးရှို့မည်ဟု PDF အကြမ်းဖက်သမားများက ခြိမ်းခြောက်နေ



ငါ့သရောက်၊ မေ ၄

ငါ့သရောက် - ကျောက်ပန်းတောင်းအစပ် PDF အကြမ်းဖက်သမား ခိုအောင်းရာ နေရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းလျက်ရှိပြီး PDF အကြမ်းဖက်သမားများက ဒေသခံပြည်သူများကို သူတို့ရှိတဲ့နေရာ သတင်းပေးရင် အိမ်လာမီးနဲ့ရှို့မယ်လို့ ခြိမ်းခြောက်မှုများ ရှိနေကြောင်း သိရသည်။

ကျောက်ပန်းတောင်း - ငါ့သရောက်အစပ် ကဗြူရွာ၊ အိုးရင်းရွာများဘက်မှာ ခိုအောင်းနေတဲ့ PDF အကြမ်းဖက်အဖွဲ့များကို ရှင်းလင်းဆောင်ရွက်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒေသခံ သတင်းရင်းမြစ်အား ဆက်သွယ်မေးမြန်းရာ "မေလ ၂ ရက်နေ့က မြေနဲဘက်မှာ ရှင်းတယ်လို့ ကြားတယ်။ ဒေသခံတချို့ကို PDF အကြမ်းဖက်သမား ခိုအောင်းရာနေရာတွေ မေးတယ်။ တချို့ကလည်း ပြောတယ်။ တချို့ကလည်း မပြောဘူးလို့ သိရတယ်။ အဲဒီလူတွေကို PDF အကြမ်းဖက်အဖွဲ့က တခါဖုန်းဆက်ပြီး သူတို့ရှိတဲ့နေရာ သတင်းပေးရင် အိမ်လာမီးရှို့မယ်လို့ ခြိမ်းခြောက်နေတာတွေ ရှိတယ်။" ဟု ပြောသည်။

PDF အကြမ်းဖက်သမားများသည် ငါ့သရောက်မြို့နယ်၊ တောပြားကျေးရွာမှ ရွာသူရွာသားများကို ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ရာ ၅ဦးထက်မနည်း အသတ်ခံခဲ့ရကြောင်း၊ မြေတိုင်းစာရေးကို ဖမ်းဆီးထားသည်မှာလည်း ပြန်မလွတ်သေးကြောင်း၊ တောင်ကုန်းဘုန်းကြီးကျောင်းကို ဝင်ရောက်ဓားမြတိုက်ပြီး ငွေများနှင့် ကားကို ယူဆောင်သွားပြီး ဆရာတော်ကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)