PDF အမည်ခံအကြမ်းဖက်သမားများက မုံရွာမြို့ရှိ အများပြည်သူ သွားလာအသုံးပြုနေသည့် ဇက်ဆိပ်တွင် လက်လုပ်တိုက်မိုင်းများ ထောင်ထားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျ ဖယ်ရှားရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အမည်ခံအကြမ်းဖက်သမားများက မုံရွာမြို့ရှိ အများပြည်သူ သွားလာအသုံးပြုနေသည့် ဇက်ဆိပ်တွင် လက်လုပ်တိုက်မိုင်းများ ထောင်ထားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျ ဖယ်ရှားရှင်းလင်း



နေပြည်တော်၊ မေ ၃

PDF အမည်ခံအကြမ်းဖက်သမားများသည် အများပြည်သူများ အထိတ်တလန့် ဖြစ်စေရန်၊ ရိုးသားစွာ နေထိုင်လုပ်ကိုင်စားသောက်နေမှုများကို နှောင့်ယှက်ရန်၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ အခက်အခဲများ ဖြစ်ပေါ်စေရန်နှင့် အကြောက်တရားများ ပိုမိုဖြစ်ပေါ်စေရန် ရည်ရွယ်၍ မြို့၊ ရွာ၊ ရပ်ကွက်၊ ကျေးရွာများ၊ လမ်း၊ တံတားများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတောင် ရပ်ကွက်၊ မုံရွာတောင်ဇက်ဆိပ်(မုံရွာ-ညောင်ပင်ကြီး ကူးတို့ဆိပ်)ရှိ ပြည်သူများနှင့် ယာဉ်များ အတက်အဆင်း ပြုလုပ်ရာနေရာ၌ လက်လုပ်တိုက်မိုင်းများ ထောင်ထား ကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးမှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးစဉ် ယနေ့နံနက် ၇ နာရီ ၂၀ မိနစ် ခန့်တွင် အဆိုပါဇက်ဆိပ်၌ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ် တိုက်မိုင်း ၅ လုံးအား တွေ့ရှိရသဖြင့် အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မဖြစ် စေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘေးအန္တရာယ်ကင်းရှင်းစွာ စနစ်တကျ ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ပြည်သူများအပေါ် ထိခိုက် ပျက်စီးဒဏ်ရာရရှိစေရန် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်အား လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)