(၁ဝ) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံလေတပ်ချင်းတွေ့ဆုံဆွေးနွေးပွဲ (10th MAF-RTAF Air Working Group Meeting) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁ဝ) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံလေတပ်ချင်းတွေ့ဆုံဆွေးနွေးပွဲ (10th MAF-RTAF Air Working Group Meeting) ကျင်းပ





နေပြည်တော်၊ ဇွန် ၆

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့် (၁၀)ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ လေတပ်ချင်းတွေ့ဆုံဆွေးနွေးပွဲ (10th MAF-RTAF Air Working Group Meeting)ကို ဇွန် ၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Chatrium Hotel ၌ ကျင်းပပြုလုပ်ရာ တပ်မတော်(လေ)မှ စစ်ဦးစီး အရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ထိုင်းဘုရင့် လေတပ်မှ Air Marshal Anurak Romnarak ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်လေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်(လေ)မှ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်နှင့် ထိုင်း ဘုရင့်လေတပ်မှ Air Marshal Anurak Romnarak တို့က အဖွင့်အမှာစကားများ အသီးသီး ပြောကြား ကြပြီး အစည်းအဝေးအစီအစဉ်များအတိုင်း ဆက်လက်ကျင်းပကြသည်။ ထို့နောက် (၁၀) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ လေတပ်ချင်းတွေ့ဆုံဆွေးနွေးပွဲ (10th MAF-RTAF Air Working Group Meeting)၏ အစည်းအဝေးဆုံးဖြတ်ချက်များကို အတည်ပြုလက်မှတ်ရေးထိုးကြသည်။ ဆက်လက်၍ နှစ်နိုင်ငံလေတပ်မှကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက အထိမ်းအမှတ်လက်ဆောင်များ အပြန် အလှန်ပေးအပ်ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြကာ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ကြသည်။ ယင်းနောက် အစည်းအဝေးပြီးမြောက်ခြင်း အထိမ်းအမှတ် ဂုဏ်ပြု နေ့လယ်စာစားပွဲကို တည်းခိုရာ Hotel ၌ တည်ခင်းဧည့်ခံခဲ့သည်။

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်သည့် (၁၀)ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ :: (10th MAF-RTAF Air Working Group Meeting) Deputy Chief Of The Air Staff(Operation) Air Marshal Anurak Romnarak ဦးဆောင်သော ၉ ဦးပါ ထိုင်းဘုရင့်လေတပ်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ဇွန် ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ခြင်းဖြစ်ပြီး တပ်မတော် (လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်လေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများ က ကြိုဆို နှုတ်ဆက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲလာရောက်စဉ်ကာလအတွင်း ထိုင်းဘုရင့်လေတပ်ကိုယ်စားလှယ်အဖွဲ့ဝင် များသည် ရွှေတိဂုံစေတီတော်မြတ် ကြီး၊ ဗိုလ်တထောင်ဘုရား၊ ဆူးလေဘုရားနှင့် ကမ္ဘာအေးဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ရန်ကုန်မြို့ရှိ အထင်ကရနေရာများဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း ဈေးနှင့် ဝန်ကြီးများရုံးသို့ သွားရောက်လေ့လာလည်ပတ်၍ ရန်ကုန်မြို့အတွင်း လှည့်လည်ကြည့်ရှုကြသည်။

ထိုင်းဘုရင့်လေတပ်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ဇွန် ၆ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာကြရာ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်လေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)