ကြံခင်း၊ ဇွန် ၂၇
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ယနေ့ နံနက် ၈နာရီက ကြံခင်းမြို့၊ မြို့မရပ်ကွက် ၊ ကြံခင်း-ဆိပ်သာလမ်းဘေးရှိ မြို့လယ်အင်းရွာတွင် (တတိယအကြိမ်မြောက်) မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့သည်။
ရှေးဦးစီးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်မျိုးသမီးရေးရာအဖွဲ့ဥက္က ဒေါ်စိုးစိုးတင့်၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းတို့က အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများကို ပျိုးပင် ၂၀၀ အား အသီးသီးပေးအပ်ကြပြီး တစ်ပျော်တစ်ပါး သက်မှတ်နေရာများတွင် စုပေါင်းအင်အား ၁၅၀ ဖြင့်စိုက်ပျိုးကြသည်။ အဆိုပါ သစ်ပင်စိုက်ပျိုးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ မြို့နယ်သစ်တော ဦးစီးဌာနမှ ဧည့်သည်တော်များအား အရဟာမုန့်များဖြင့် ဧည့်ခံကျွေးမွေးကြသည်။
ထိုသို့ သစ်ပင်စိုက်ပျိုးခြင်းအားဖြင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရန်၊ အဖိုးတန်ဂေဟစနစ်များမပျောက်ပျက်အောင် စောင့်ရှောက်နိုင်ရန်နှင့် သစ်တောထိန်းသိမ်း ရေးလုပ်ငန်းများတွင်အထောက်အကူပြုစေရန်ရည်ရွယ်၍ ကျွန်း ၄၀၊ မန်ဂျန်ရှား ၄၀၊ ယူကလစ် ၄၀၊ မဟော်ဂနီ ၄၀၊ ပိတောက် ၄၀ စုစုပေါင်း ၂၀၀ ပင် စိုက်ပျိုးခဲ့ကြကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment