ဘီလီယံနာတွေ တိုးလာတာ ဆင်းရဲမွဲတေမှုတွေကို ပိုဖြစ်လာစေတယ် လို့ အောက်စ်ဖန်းက ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီလီယံနာတွေ တိုးလာတာ ဆင်းရဲမွဲတေမှုတွေကို ပိုဖြစ်လာစေတယ် လို့ အောက်စ်ဖန်းက ဆို


ဇွန် - ၂၇ ( သောကြာနေ့ ) 

ယူကေ အခြေစိုက် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအဖွဲ့ အောက်စ်ဖန်း ရဲ့  အစီရင်ခံစာသစ်အရ ၂၀၁၅ ခုနှစ်ကနေ စပြီး ကမ္ဘာပေါ်မှာ ဘီလီယံနာတွေတိုးလာပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေက ၃၃.၉ ထရီလီယံ အထိရှိလာခဲ့တယ်လို့ သိရပါတယ်။ 

သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကြောင့် ဆင်းရဲမွဲတေမှုက ၂၂ ဆ ကျော်တိုးလာတယ်လို့လည်း ကမ္ဘာ့ဘဏ်က ဆိုပါတယ်။ ကမ္ဘာတစ်ဝှန်းလုံးမှာ ဘီလီယံနာ ၃၀၀၀ ခန့် ရှိပြီး လွန်ခဲ့ ၁၀ စုနှစ်အကျော်က ဘီလီယံနာတွေရဲ့ ပိုင်ဆိုင်မှုက ကမ္ဘာစုစုပေါင်းဝင်ငွေ GDP ရဲ့  ၁၅ % လောက်ရှိတယ်လို့ ဆိုပါတယ် ။ အဲ့ဒိပမာဏက ၆.၅ ထရီလီယံပဲ ဖြစ်ပါတယ်။ 

အောက်စ်ဖန်းရဲ့အဆိုအရ တစ်ဦးချင်းပိုင်ဆိုင်မှုကို တိုးတက်အောင်လုပ်ခြင်းက ဆင်းရဲမွဲတွေမှုကို လျှော့ချအောင် လုပ်ဖို့ အတားအဆီးဖြစ်လာခဲ့ပါတယ်လို့ သိရပါတယ်။  ချမ်းသာသောနိုင်ငံများသည် ၁၉၆၀ ခုနှစ်မှစ၍ အသက်ကယ်ဖွံ့ဖြိုးတိုးတက်ရေးအကူအညီကို အဆိုးရွားဆုံးဖြတ်တောက်မှုများ ပြုလုပ်လျက်ရှိတယ်လို့ လည်း ဆိုပါတယ်။ 

စက်မှုထိပ်သီး ၇ နိုင်ငံက ကမ္ဘာ့ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး မှာ အဓိက တာဝန်ရှိတာဖြစ်ပေမဲ့ သူတို့က အလှုငွေများကို လျှော့ချဖို့ပြင်ဆင်နေပါတယ် ။ အလှူငွေ ၇၅ % က သူတို့မှာ တာဝန်ရှိပေမဲ့ ဗြိတိန်နိုင်ငံက အခုဆိုရင် အလှူငွေပေးဖို့ခြင်းကို ၄၀% အထိလျှော့ခဖို့ပြင်ဆင်နေပါတယ်။ 

အစီရင်ခံစာမှာ တစ်ဦးချင်း ကြွယ်ဝမှုနဲ့ အများပြည်သူကြွယ်ဝမှု ကြား ကွာခြားချက်က တဖြည်းဖြည်း ကြီဂထွားလာနေတယ်လို့ ဆိုပါတယ်။ ၁၉၉၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့တစ်ဦးချင်းဆိုင်ရာ ချမ်းသာကြွယ်ဝမှုက ဒေါ်လာ ၃၄၂ ထရီလီယံအထိ မြင့်တက်ခဲ့ပေမဲ့ အများပြည်သူ ချမ်းသာကြွယ်ဝမှုက  ကန်ဒေါ်လာ ၄၄ ထရီလီယံသာ ရှိခဲ့တယ်လို့ ပါရှိပါတယ်။ 

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ၏ ထက်ဝက်ကျော်သည် ယခုအခါ ကြွေးမြီအကျပ်အတည်းရဲ့ ချောက် အစွန်း ရောက်နေပြီလို့ အစီရင်ခံစာက သတိပေးထားပါတယ်။ အများစုက ကျန်းမာရေးစောင့်ရှောက်မှု သို့မဟုတ် ပညာရေးမှာငွေကြေးသုံးစွဲမှုထက် အကြွေးဆပ်နိုင်ရေးကို ပိုမိုသုံးစွဲရန် တွန်းအားပေးခံနေရပါတယ်။ 

ကမ္ဘာလုံးဆိုင်ရာ လူထုသဘောထား စစ်တမ်းတစ်ခုအရ ဖြေဆိုသူ ၉၀% သည် ပြည်သူ့ဝန်ဆောင်မှုများနှင့် ရာသီဥတုဆိုင်ရာ ရန်ပုံငွေအတွက် ချမ်းသာကြွယ်ဝသူများကို အခွန်တိုးကောက်ခံခြင်းကို ထောက်ခံတယ်လို့ သိရပါတယ်။


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)