အီရန်ကို နျူလက်နက်မပြန့်ပွားရေး စာချုပ်ကနေ မထွက်အောင် နိုင်ငံတကာက လုပ်သင့်ကြောင်းပြင်သစ်ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အီရန်ကို နျူလက်နက်မပြန့်ပွားရေး စာချုပ်ကနေ မထွက်အောင် နိုင်ငံတကာက လုပ်သင့်ကြောင်းပြင်သစ်ဆို


ဇွန် - ၂၇ ( သောကြာနေ့ ) 

ပြင်သစ်သမ္မတ အမ္မာနျူရယ်မာခရွန် က အီရန်ကို နျူလက်နက်မပြန့်ပွားရေး သဘောတူစာချုပ် (NPT) မှ နုတ်ထွက်ခြင်းမှ တားဆီးရန် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မဖြစ်မနေ လုပ်ဆောင်ရမယ်လို့ သတိပေးလိုက်ပါတယ်။ 

မကြာသေးမီက အမေရိကန်နှင့် အစ္စရေး၏ နျူကလီယားစက်ရုံများကို တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်သည့် အနေဖြင့် အီရန်နိုင်ငံရေးသမားများက NPT မှ နုတ်ထွက်မယ်လို့  ခြိမ်းခြောက်ခဲ့ပါတယ်။ အမေရိကန် နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုများက “စစ်မှန်စွာထိရောက်တယ်”လို့ မာခရွန်ကပြောခဲ့ပေမဲ့  အဆိုးဆုံးအခြေအနေ တစ်ခုကတော့ အီရန်နိုင်ငံက အထင်ကရ လက်နက်ထိန်းချုပ်ရေးစာချုပ်မှ နုတ်ထွက်သွားနိုင်တယ်လို့ သတိပေးလိုက်တာပါပဲ။ 

မက်ခရွန်က ဘရပ်ဆဲလ်တွင် ကြာသပတေးနေ့က ပြုလုပ်တဲ့ ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးအပြီးမှာ သတင်းထောက်များအား “ကျနော်တို့ အဆိုးဆုံး အခြေအနေတစ်ခုကို ပြောပါဆိုရင် အီရန်က နျူ့လက်နက်မပြန့်ပွားရေး သဘောတူ စာချုပ်ကနေထွက်ခွာသွားမှာကိုပါပဲ။ လက်ရှိလုပ်နေတဲ့ တိုက်ခိုက်မှုတွေက အီရန်က နျူလက်နက်တွေ ထုတ်လုပ်မှာကို တာဆီးဖို့ပဲ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ မျှော်လင့်ချက်မှာ စစ်မှန်တဲ့ အမြင်တွေ ပေါင်းစည်းဖို့ အများကြီးလိုပါတယ်။”လို့ပြောကြားခဲ့ပါတယ်။ 

ပြင်သစ်နိုင်ငံက လာမည့်ရက်များအတွင်းပြုလုပ်မယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် လေးနိုင်ငံဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ရုရှားနှင့် တရုတ်တို့နှင့် ညှိနှိုင်းဆွေးနွေးရန် စီစဉ်ထားကြောင်းမာခရွန် ကပြောကြားခဲ့ပြီး တီဟီရန်နှင့် ပြင်သစ်တို့ မကြာသေးမီက ဆက်သွယ်မှုများပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား အကျဉ်းချုံးပြောပြခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့ပါတယ်။ 

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲ ရာဖေး ဂရောစီ က အီရန်က စာချုပ်မှ နုတ်ထွက်ပါက အလွန်ဝမ်းနည်းဖွယ်ကောင်းကြောင်း ပြောကြားခဲ့ပါတယ်။

ဖောဒိုး ရှိ ယူရေနီယံ သန့်စင်သည့်နေရာ အပါအဝင် နျူကလီးယား စက်ရုံသုံးခုကို အမေရိကန်က တိုက်ခိုက်သည့် နေ့တွင် အီရန်ပါလီမန် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ အာဘားစ် ဂိုလရို က အီရန်အနေနဲ့ စာချုပ်မှ နုတ်ထွက်ခွင့် တရားဝင်ရှိကြောင်း ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့ပေမဲ့ NPT တွင် အီရန်ဆက်လက်ပါဝင်မှုကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း နောက်ပိုင်းတွင် ပြောကြားခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)