တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးထွက်ခွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးထွက်ခွာ






နေပြည်တော်၊ ဇွန် ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော အဖွဲ့ဝင် ၂၀ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ မှ ၂၄ရက် နေ့ထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ရန်အတွက် ၁၆-၆-၂၀၂၅ ရက်နေ့ ၁၁၂၅ နာရီ ချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါခရီးစဉ်အား ၂၀၂၅ ခုနှစ် ဧပြီလကတည်းက သွားရောက်ရန် စီစဉ်ထားရှိခဲ့သော်လည်း မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများအတွက် ကူညီစောင့်ရှောက်ရေးလုပ်ငန်းများအား ပါတီတစ်ရပ် အနေဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ရန် ခရီးစဉ်အား ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၁၀) ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ (၄)ဦး၊ မြန်မာ့တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ (၃)ဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ (၂) ဦး၊ စုစုပေါင်း (၁၉)ဦး လိုက်ပါသွားခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ နှင့် ပါတီကိုယ်စားလှယ်အဖွဲ့ ပြည်ပထွက်ခွာရာသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Counsellor ဖြစ်သူ Mr.Wang Daopan ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုး နှင့် ကော်မတီဝင်များ၊ နိုင်ငံတကာရေးရာဌာနမှ တာဝန်ရှိသူများမှ လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)