ဘုတ်ပြင်း၊ ဇွန် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ သဘာဝဘေးအန္တရာယ်များကြောင့် အသက်အိုးအိမ်စည်းစိမ်များ အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်နိုင်ရေးနှင့် ပျက်စီးဆုံးရှုံးမှု လျော့နည်စေရေးအတွက် မုန်တိုင်းဘေးအန္တရာယ်နှင့် ရေးကြီးရေလျှံမှု တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ယမန်နေ့က အုန်းတောကမ်းကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇာတ်တိုက်လေ့ကျင့်သရုပ်ပြရာတွင် မုန်တိုင်းဘေးကြောင့် အုန်းတောကမ်းကျေးရွာ ပင်လယ်အတွင်း၌ စက်လှေနစ်မြုပ်မှု သတင်းပေးချက်အရ ဘုတ်ပြင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးဝင်းမင်စိုးနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့သည် မိတ်ဖက်အဖွဲ့အစည်းများ၊ ရှာဖွေကယ်ဆယ်ရေး ရေယာဉ်ဖြင့် ရေနစ်မြုပ်နေသူများအား ရှာဖွေကယ်ဆယ်ခြင်း၊ အသက်ကယ် လှေပေါ်တွင် ရှေးဦးပြုစုခြင်း၊ ဆိပ်ခံတံတားပေါ်သို့ သယ်ယူပို့ဆောင်ခြင်း၊ ထိုမှတဆင့် ပရဟိတအဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ထိခိုက်ဒဏ်ရာရလူနာများအား ရှေးဦးပြုစုခြင်း အရေးပေါ် အသက်ရှူအားကူနည်းများ ပြုလုပ်ခြင်း၊ ပရဟိတမော်တော်ယာဉ်ဖြင့် ယာယီကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားရှိသည့် ကျေးရွာ မူလတန်းလွန်ကျောင်းသို့ ကူညီပို့ဆောင်ခြင်းနှင့် ကျေးရွာအတွင်းရှိ အသက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကျောင်းသားကျောင်းသူများနှင့် မုန်းတိုင်ဘေးအတွင်း ပိတ်မိနေသူ ပြည်သူများအား၊ ပူးပေါင်းအဖွဲ့များက ယာယီကယ်ဆယ်ရေးစခန်းသို့ သယ်ယူပို့ဆောင်ခြင်း၊ ဒဏ်ရာရလူနာများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများကို ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဘုတ်ပြင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ရှာဖွေကယ်ရေး ရေယာဉ်(၁)စီး၊ ပရဟိတလူမှုရေး အသင်းအဖွဲ့များမှ လူနာတင်ယာဉ်(၃)စီး၊ စည်ပင်သာယာရေးမှ မော်တော်ယဉ်(၁)စီးတို့ဖြင့် စုပေါင်းဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။
ဇာတ်တိုက်လေ့ကျင့်မှုကို ဘုတ်ပြင်းခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို၊ ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment