ပခုက္ကူ၊ ဇွန် ၄
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူးကျင်းပသော အစိုးရပါဠိပထမပြန် စာမေးပွဲကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရိပ်သာလမ်းရှိ ပရိယတ္တိဗိမာန်(နှစ်ထပ် စာဖြေဆောင်)၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစာမေးပွဲတွင် (ပခုက္ကူစာဖြေဌာန)မှ ဖြေဆိုမည့်စာရင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင် ၅၈၉ ပါး၊ လူ ၅ ဦးရှိပြီး ဇွန်လ ၄ ရက် (ပထမနေ့)တွင် ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်းနှင့် အခြေပြုမူလတန်းအသီးသီး၌ ကြွရောက်ဖြေဆိုသူ ၄၉၁ ပါး၊ လူ ၄ ဦး ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
https://t.me/MyanmarNationalPost
No comments:
Post a Comment