ရန်ကုန်၊ ဇွန် ၁၇
မရမ်းကုန်းမြို့နယ်တွင် ကျောင်းသားများကို တို့ဆေးဖြင့် တို့ဖြင့် ငွေနှင့် ပစ္စည်းများ လုယက်နေကြောင်း သတင်းအရ ဖမ်းဆီးရမိရေး ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၁၇.၆.၂၀၂၅ ရက်နေ့ ၁၄၃၀ နာရီအချိန် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ စာသင်ကျောင်းများအနီးတွင် ကျောင်းသားကို တို့ဆေးဖြင့်တို့ကာ ငွေနှင့် ပစ္စည်းများ လုယက်သူကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရပ်ကွက်နယ်ထိန်းအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များမှ အမက(၁၃)မူလွန်ကျောင်းအနီး ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် ဦးမြင့်သိန်း၊ (၅၆)နှစ်၊ (ဘ)ဦးစိန်ထွန်း၊ N/OKA-091804၊ ဖုန်းအရောင်းအဝယ်၊ အိမ်အမှတ်(၁၄)၊ (င)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်နေသူသည် စာသင်ကျောင်းအနီး ကျောင်းသားတစ်ဦးအား တို့ဆေးနှင့်တို့ရန် စကားပြောနေစဉ် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်ကာ မှတ်တမ်းယူခဲ့ပြီး ဘုရင့်နောင်နယ်မြေရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပါကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment