ရန်ကုန်၊ ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးနေထိုင်သူ ကျင်စိန်၏နေအိမ်အားမူးယစ်ဆေးဝါးရောင်းချနေကြောင်း သတင်းရရှိသဖြင့် ၁၆. ၆. ၂၀၂၅ ရက်နေ့က တက်သစ်နယ်မြေစခန်းမှ ရဲတပ်ဖွဲဝင်များနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါး ရောင်းချနေသူကျင်စိန် နှင့်အတူ ထက်မြတ်အောင် တို့၂ဦးတွေ့ရှိခဲ့ပြီး အိမ်ရှင်ဖြစ်သူ ကျင်စိန်၏ အိပ်ယာခေါင်းရင်းရှိ ၁၀ လက်မရှိ နစ်ဖက်ဖွင့်ဝါးပိုင်းအတွင်း WYစာတန်းပါ စိတ်ကြွဆေးပြား ၃၅၃ပြား တွေ့ရှိခဲ့ကြောင်း၊ သက်သေများရှေ့မှောက်တွင် မူးယစ်ဝါးများကို သိမ်းဆီးခဲ့ပြီး ကျင်စိန်(ခ) ကရင်လေးနှင့် ထက်မြတ်အောင် (ခ)ညီညီတို့၂ဦးကို ထန်းတပင်မြို့နယ် စခန်းမှ မှုးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၉/က/က၊ ၂၀က/က၂၁က/တို့ဖြင့် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment