နေပြည်တော်၊ ဇွန် ၂၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော အဖွဲ့ဝင် ၂၀ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ မှ ၂၄ရက် နေ့ထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ခဲ့ပြီး ၂၄-၆-၂၀၂၅ ရက်နေ့ ၁၃၅၀ နာရီ ချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။
အဆိုပါခရီးစဉ်မှ ပြန်လည်ရောက်ရှိသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၁၀) ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ (၄)ဦး၊ မြန်မာ့တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ (၃)ဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ (၂) ဦး၊ စုစုပေါင်း (၁၉)ဦးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Counsellor ဖြစ်သူ Mr.Wang Daopan ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ နိုင်ငံတကာရေးရာဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment