အစ္စရေး - အီရန် စစ်ပွဲကြောင့် တရုတ်က ရုရှားဆီက ဂတ်စ်ဝယ်ယူမှုကို ပိုမိုအာရုံစိုက်လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစ္စရေး - အီရန် စစ်ပွဲကြောင့် တရုတ်က ရုရှားဆီက ဂတ်စ်ဝယ်ယူမှုကို ပိုမိုအာရုံစိုက်လာ


ဇွန် - ၂၆ ( ကြာသပတေးနေ့ ) 

မွန်ဂိုလီးယားမှတစ်ဆင့် ဓာတ်ငွေ့ပေးပို့မယ်လို့ ရုရှားနိုင်ငံက အဆိုပြုထားတဲ့ Power of Siberia 2 ပိုက်လိုင်း တည်ဆောက်မှုနဲ့ပတ်သက်ပြီး တရုတ်ရဲ့ စိတ်ဝင်စားမှုက အီရန်နှင့် အစ္စရေးကြား ပဋိပက္ခဖြစ်ပွားပြီးနောက် ပိုမိုပြင်းထန်လာကြောင်း ပေကျင်းရှိ သတင်းရင်းမြစ်များကို ကိုးကားပြီး Wall Street Journal က အင်္ဂါနေ့တွင် ဖော်ပြခဲ့ပါတယ်။ 

ပိုက်လိုင်းကြီးက ရုရှားမြောက်ပိုင်းကနေ မွန်ဂိုလီးယားကိုဖြတ်ပြီး တရုတ်နိုင်ငံသို့ နှစ်စဉ် သဘာဝဓာတ်ငွေ့ ကုဗမီတာ (၅၀) ဘီလီယံ ကုဗမီတာ (bcm) အထိ ပေးပို့နိုင်မှာဖြစ်ပါတယ်။ အီရန်-အစ္စရေး ပဋိပက္ခသည် အရှေ့အလယ်ပိုင်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့မှုဆိုင်ရာ ယုံကြည်စိတ်ချရမှုနှင့်ပတ်သက်ပြီး တရုတ်အစိုးရက စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့ပါတယ်။ မူဝါဒချမှတ်သူများကလည်း အစားထိုးစွမ်းအင် အရင်းအမြစ်များကို ရှာဖွေရန် လှုံ့ဆော်ခဲ့ကြောင်း အဆိုပါသတင်းဆောင်းပါးမှာ ပါရှိပါတယ်။ 

တရုတ်သည် ၎င်းရဲ့ ဓာတ်ငွေ့ ၃၀% ခန့်ကို ကာတာနှင့် UAE မှ LNG အဖြစ်ပြောင်းကာ ဟော်မုဇ် ရေလက်ကြားကို ဖြတ်ပြီးသယ်နေတာပါ။  အဲ့ဒိရေလက်ကြားက ကမ္ဘာ့ရေနံတင်ပို့မှု  ၂၀% ခန့် အတွက် လမ်းကြောင်းတစ်ခုဖြစ်နေပါတယ်။ အမေရိကန်က အီရန်ကို ဗုံးကျဲလိုက်တော့ အီရန်ကလည်း အမေရိကန်၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ရေလက်ကြားကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ 

တရုတ်က စီပွားရေးပိတ်ဆို့မှု ခံနေရတဲ့ အီရန်နိုင်ငံကနေ ရေနံတွေကို အောက်ဈေးနဲ့ ဝယ်နေတာပါ။ ရေနံသန့်စင်စက်ရုံတွေကို အီရန်မှာထားပြီး အီရန်ထွက်တဲ့ ရေနံ ၉၀% ကို အကုန်သိမ်းနေသလိုပါ ပဲလို့ လေ့လာသူတွေက ဆိုပါတယ်။ 

“အရှေ့အလယ်ပိုင်း တင်းမာမှုတွေ တိုးလာတာက ဟော်မုဇ်ရေလက်ကြားမှာ ပိတ်ဆို့တားဆီးမှု ပြင်းထန်လာနိုင်ပါတယ်။ အဲ့ဒိ အကျိုးဆက်တွေကို တရုတ်က အလေးပေးစဉ်းစားလာပါတယ်” လို့ တရုတ်ဓာတ်ငွေ့ သုတေသန အကြီးအကဲ ဝေရှောင် ဆိုပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)