ဇွန် - ၂၆ ( ကြာသပတေးနေ့ )
“ဟေ့ဒီမှာ ၊ CNN နဲ့ နယူးယောက်ခ်တိုင်း ခင်ဗျားတို့ သတင်းအမှားတွေ လွှင့်နေတယ်။ ကျနော်တို့က သမိုင်းမှာ အအောင်မြင်းဆုံး တိုက်ခိုက်မှုတွေနဲ့ အီရန်နျူ့ စက်ရုံတွေကို တိုက်ခိုက်ခဲ့တာ။ ခင်ဗျားတို့က အဲ့ဒါကို ရှုတ်ချဖို့အတွက် ပူးပေါင်းခဲ့တာပဲ။ ထပ်ပြောမယ်နော် အီရန်မှာရှိတဲ့ နျူကလီးယားဆိုက်တွေကို လုံးဝဖျက်ဆီးပစ်လိုက်ပါတယ် ” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝါရှင်တန်အစိုးရရဲ့ မကြာသေးမီက အီရန်အပေါ် လေကြောင်းမှ တိုက်ခိုက်မှုများက အကန့်အသတ်ဖြင့်သာ ပျက်စီးခဲ့ရကြောင်း ဖော်ပြခဲ့တဲ့ CNN နှင့် New York Times တို့ကို သူ့ရဲ့ Truth ဆိုရှယ်မီဒီယာပေါ်ကနေ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
အဲ့ဒိသတင်းဌာန ၂ ခုလုံးက အင်္ဂါနေ့မှာ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ပြင်းပြင်းထန်ထန်ထိုးနှက်ခဲ့ကြောင်း ထရမ့်ရဲ့ ပြောဆိုချက်များကို သံသယဖြစ်စေမယ့် ပဏာမ ကာကွယ်ရေး ထောက်လှမ်းရေးအေဂျင်စီ (DIA) အကဲဖြတ်ချက်ကို ကိုးကားပြီး သတင်းလုပ် ရေးသားဖော်ပြခဲ့ပါတယ်။
CNN ၏အဆိုအရ၊ အီရန်၏ ဖော်ဒိုး၊ နတ်တန့်ဇ် နဲ့ အစ်ဖာဟန် နျူကလီးယားစက်ရုံများကို အမေရိကန်ရဲ့ တိုက်ခိုက်မှုများက အီရန်ရဲ့ နျူကလီးယားအစီအစဉ်၏အဓိကအစိတ်အပိုင်းများကိုမပျက်စီးစေပါဘူး။ အဲ့ဒိစက်ရုံတွေက လပိုင်းအတွင်းမှာပဲ ပြန်လည်လည်ပတ်နိုင်ဖွယ်ရာ ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။"
CNN အဆိုအရ အီရန်၏ ကြွယ်ဝသော ယူရေနီယံ သိုလှောင်မှုအား ဖျက်ဆီးခြင်း မပြုကြောင်းနှင့် နယူးယောက်တိုင်းမ် အဆိုအရ ယူရေနီယံ သန့်စင်ရန်အတွက် မရှိမဖြစ် လိုအပ်သော centrifuges များ အများစုမှာ “နဂိုအတိုင်း” ဖြစ်နေကြောင်း ဆိုထားပါတယ်။
ဘီ-၂ ဗုံးကျဲလေယာဉ်တွေ ကျဲချလိုက်တဲ့ ဗုံးတွေက နျူ့စက်ရုံရဲ့ မြေပေါ်ပိုင်းကိုသာ ထိခိုက်ပျက်စီးစေပြီး မြေကြီးအောက်ထဲမှာ ရှိတဲ့ စက်ရုံတွေရဲ့ အဓိက အစိတ်အပိုင်းကို မထိခိုက်ပါဘူး လို့ သတင်းဌာနတွေက ဖော်ပြခဲ့တာပါ။ လက်ရှိဖြစ်သွားတဲ့ ထိခိုက်ပျက်စီးမှုတွေက နောက် ၆ လဆိုရင် အကောင်းအတိုင်း ပြန်ဖြစ်သွားမှာပါလို့ ဆိုပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment