လေးမျက်နှာ၊ ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့က ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန်ခွာပြည်သူများအတွက် ဆန်ရိက္ခာနှင့်ဆီများ သွားရောက်ထောက်ပံ့ခဲ့သည်။
နေရပ်စွန့်ခွာပြည်သူများအတွက် ဆန်ရိက္ခာနှင့် ဆီများ ထောက်ပံ့ပေးအပ်ခြင်းကို လေးမျက်နှာမြို့နယ် အားကစားခန်းမတွင် ပြုလုပ်ရာ ရှေဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် လူမှုရေးရာဝန်ကြီး ဦးခင်မာင်ကြည်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်တို့က နေရပ်စွန့်ခွာပြည်သူ (၄၀၃၂)ဦးအား (၁)ဦးလျှင် ဆန်(၂)ပြည်နှင့် ဆီ(၅၀)သား ထောက်ပံ့ပေးအပ်ပါသည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမတွင် တိုက်ပွဲရှောင် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ပြီးနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝးခန်းမတွင် ကျင်းပပြုလုပ်သည့် မွေးမြူရေးတောင်သူများအား တိရစ္ဆာန်အစာနုအိတ်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို တက်ရောက်ပြီး လေးမျက်နှာမြို့နယ်အတွင်း နှစ်စဉ် ရေဝင်ရောက်လေ့ရှိသည့် ကျေးရွာများအား အစာနုအိတ်များ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment