ကြံခင်းမြို့နယ်ဌာနဆိုင်ရာရုံးများအား စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက အမှိုက်အမျိုးအစား ခွဲခြားခြင်းနှင့် အမှိုက်ပုံးအရောင် သတ်မှတ်ခြင်း အသိပညာပေး ကွင်းဆင်းဟောပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့နယ်ဌာနဆိုင်ရာရုံးများအား စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက အမှိုက်အမျိုးအစား ခွဲခြားခြင်းနှင့် အမှိုက်ပုံးအရောင် သတ်မှတ်ခြင်း အသိပညာပေး ကွင်းဆင်းဟောပြော





ကြံခင်း၊ ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးများအား ယနေ့ နံနက်ပိုင်းက သွားရောက်ပြီး ဝန်ထမ်းများ အမှိုက်အမျိုးအစား စနစ်တကျခွဲခြားခြင်းနှင့် အမှိုက်ပုံး အရောင်သတ်မှတ်ခြင်း သိရှိနိုင်စေရန် အသိပညာပေး ကွင်းဆင်းဟောပြောခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင် နှင့်ဝန်ထမ်းများက လူမှုဖူလုံရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူဝန်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ စားရင်းစစ်ရုံးနှင့်စီမံကိန်းရုံးများ အားသွားရောက်ပြီး ဝန်ထမ်းများ အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်စေရန်အတွက် စွန့်ပစ်အမှိုက်(၄)မျိုးဖြစ်သည့် အမှိုက်စို(Wet Waste)တွင် မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရည်သုံး သန့်ရှင်းရေးပစ္စည်းများ ပါဝင်သည့် အမှိုက်များအား အမှိုက်ပုံး အစိမ်းရောင်တွင် လည်းကောင်း၊ အမှိုက်ခြောက် (Dry Waste) တွင် ခြောက်သွေ့သော စက္ကူ၊ ကတ်ထူစက္ကူ၊ သံတို သံစ၊ ပိတ်စ၊ သစ်သားစ စသည့်စွန့်ပစ်ပစ္စည်းများ အား အဝါရောင်ပုံး၌ လည်းကောင်း၊ ပလတ်စတစ်အမှိုက် (Plastic Waste) အတွက် ပလတ်စတစ် သုံးပစ္စည်းများအား  အပြာရောင်ပုံးတွင် စွန့်ပစ်ရန်နှင့် ဘေးအန္တရာယ်ရှိအမှိုက် (Hazardous Waste) တွင် အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများ၊ မီးလုံး၊ အင်းဆက်ဆေးဘူး၊ ပိုးသတ်ဆေးဖြန်းရည်များနှင့် သက်တမ်းလွန် ဆေးဝါးများ၊ အိမ်သုံးဓာတု စွန့်ပစ်ပစ္စည်းများ၊ ဘူးခွံ၊ ပုလင်းခွံများ စသည့် ဘေးအန္တရာယ်ရှိနိုင်သည့် အရာများအား စွန့်ပစ်ရန်အတွက်ဖြစ်ကြောင်း ပြောကြားဟောပြောခဲ့သည်။  ဆက်လက်၍ မြို့နယ်ရုံးများရှိ ဦးစီးအရာရှိများနှင့် ဝန်ထမ်းများက သိရှိလိုသည်များအား မေးမြန်း ခဲ့ကြသည်။

ကြံခင်းမြို့နယ်ရှိ ဌာနဆိုင်ရာရုံးပေါင်း ၃၄ ရုံးနှင့် အခြေခံပညာကျောင်းများအား မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့မှ အလှည့်ကျသွားရောက်ပြီး အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ် နိုင်ရေးနှင့် စွန့်ပစ်အမှိုက်(၄)မျိုးအကြာင်းအား လက်တွေ့ ဆက်လက်ဟောပြောသွားမည်ဖြစ်ကြောင်း အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင် ထံမှသိရသည်။ 


ဖြိုးဝေလင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)