လွိုင်ကော်မြို့က အကြမ်းဖက် ထောက်ပို့ အမျိုးသမီး အကြမ်းဖက်သမားများ၏ ပါးရိုက်စော်ကားခြင်း ခံရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်ကော်မြို့က အကြမ်းဖက် ထောက်ပို့ အမျိုးသမီး အကြမ်းဖက်သမားများ၏ ပါးရိုက်စော်ကားခြင်း ခံရ




လွိုင်ကော်၊ ဇွန် ၁၅ 

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် နေထိုင်ပြီး အကြမ်းဖက်အဖွဲ့အတွက် ထောက်ပို့အဖြစ် ဆောင်ရွက်ပေးနေသည့် Khin Marlar Htun အမည်ဖြင့် facebook အသုံးပြုသူ အမျိုးသမီး အား အကြမ်းဖက်သမား ၆ ဦးက ပါးရိုက်စော်ကားသွားကြောင်း ကာယကံရှင်ကိုယ်တိုင်က ရေးသားထားသည်။

သူမ၏ ရေးသား ဖော်ပြချက်တွင် "ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တယ် ရိုးရိုးသားသား 50 ရရ တစ်ရာရရ ကြိုးစားရှာတယ်၊ အကြွေးတွေရှိတယ် ဆပ်ရမယ်၊ K pay အလွှဲထုတ်လေးလုပ်တယ် ငွေလဲပေးတာလေးလုပ်တယ်၊ သူများပစ္စည်းမှာခိုင်းရင်လည်း ကိုယ့်အတွက်နည်းနည်းချန်ပြီးမှာပေးတယ်၊ သူများ စက်ပစ္စည်းလေးတွေလာရောင်းခိုင်းရင် 500စား 1000စားနဲ့ မှာပေးတယ်၊ ဆိုင်ဆောက်ပြီး ဘာပစ္စည်းမှ မထည့်နိုင်လို့တောင် ဆိုင်က ဟောင်းလောင်းကြီး၊ လှူတာဆိုလည်း က်ုတတ်နိုင်သလောက် အမြဲလှူတယ်၊ ခြေလက်ဆုံးရှုံးသွားတဲ့ ရဲဘော်လေးတွေက်ု တစ်ယောက် ကိုယ့်ချွေးနဲစာနဲ့ တစ်လ တစ်ယောက် တစ်သိန်းထောက်ပံ့ဖို့ စီစဉ်ထားတယ်၊ ဒါကို ဘာတွေ မကျေနပ်ကြတာလဲ တစ်ကယ် စဉ်းစားလို့ မရပါဘူး၊ 13 ရက်နေ့ ညက WiFi မပိတ်လို့ဆိုတဲ့ခေါင်းစဉ်နဲ့ လက်နက်တွေနဲ့  လူ၆ ယောက်လောက်ရှိမယ်ထင်တယ်။ ဝင်လာပြီး ဆိုင်က ကလေးတွေရော ကိုယ့်ကိုရော ပါးတွေရိုက်သွားပါတယ်။ ဘာလို့ပါးရိုက်တာလဲဆို ကြည့်မရလို့ပါတဲ့၊ နင်တို့ အကုန်ထွက်သွားတဲ့ ဒီမှာ မနေနဲ့လို့ ပြောသွားပါတယ်၊ အားကိုးမရှိတဲ့ ကျမ စိတ်မကောင်းပါဘူး အရမ်းဝမ်းနည်းရပါတယ်။ ကျမ အမျိူးသားက loikaw မှာ စစ်ဆင်ရေးတွေစပြီး တိုက်ပွဲတွေ စကတည်းက တ်ုက်ပွဲမှာ လေယာဉ်ကြောင့်ဆုံးသွားပါပြီ၊ ကလေးနှစ်ယောက်နဲ့ကျမ ကျန်ခဲ့ပြီ ရိုးရိုးသားသားရှာဖွေစားသောက်ပြီးပဲ ရပ်တည်နေတာပါ။ Wifi 10 နာရီထိဖွင့်ပါတယ် တစ်ခါတစ်လေ လိုင်းသုံးရင်း သတိမထားမိပဲ သုံးနေရင်း ၁၀ နာရီကျော်သွားပါတယ်။ ကျမသိချင်တာ ကျမ အဆင်ပြေမှ ကျမကလေးတွေ အဆင်ပြေမှာမို့ ကြိုးစားပြီး ငွေရှာနေတာပါ၊ ကျမလို မိန်းမတစ်ယောက်ကို ဘာလို့များ ဘာတွေများ မကျေနပ်တာတွေရှိနေတာပါလဲရှင်၊ လူကြီးတွေ အဆုံးဖြတ်နဲ့ ထွက်သွားသင့်တယ် ထွက်သွားပေးပါဆို အေးအေးလူလူ ဒိနေရာကနေ ထွက်သွားပေးပါမယ်ရှင်၊ ကျမတို့မှာ ဘာမှ မရှိပါဘူး အားကိုးလည်းမရှိပါဘူးရှင်" ဟု ရေးသား ပြောဆိုထားသည်။

သူမ၏ အမျိုးသားသည်လည်း လက်နက်ကိုင် အကြမ်းဖက်သမား တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး သေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)