တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီချန်းထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးပို့သည့် သဝဏ်လွှာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီချန်းထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးပို့သည့် သဝဏ်လွှာ


ပေကျင်းမြို့၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၈ ရက်

အဆွေတော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်


အဆွေတော်ခင်ဗျား

မြန်မာ - တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက်အထိမ်းအမှတ်အခါသမယတွင် မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံသည် တောတောင်ရေမြေများ ဆက်စပ်လျက်ရှိပြီး ရှေးပဝေသဏီကတည်း ကပင် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးသမိုင်းကြောင်းရှိခဲ့ပါသည်။ မြန်မာ - တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ချိန်မှစ၍ (၇၅)နှစ်တာကာလအတွင်း မိမိတို့နှစ်နိုင်ငံ အတူတကွကြိုးပမ်းအားထုတ်မှုများကြောင့် နယ်ပယ်ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးသည့် အပြန်အလှန်ဖလှယ်မှုများတွင် တိုးတက်အောင်မြင်မှု အများအပြားရရှိခဲ့ပါ သည်။ မြန်မာ - တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် အခါသမယတွင် တရုတ် - မြန်မာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးပိုမိုအားကောင်းစေရေး၊ မြန်မာ - တရုတ် အေးအတူပူအမျှအသိုက်အဝန်းတည်ထောင်မှု ပိုမိုနက်ရှိုင်းစေရေးနှင့် အဓွန့်ရှည်ကြာရေး၊ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသစ်လောင်းရေးတို့အတွက် အဆွေတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း ပြောကြားလိုပါသည်။

မြန်မာနိုင်ငံနှင့် ပြည်သူပြည်သားများအားလုံး သာယာဝပြောချမ်းသာပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။


လီချန်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)